အပိုင်း -၉၉ (ထန်းမိုအတွက် ယှဉ်ပြိုင်ကြခြင်း)

1.3K 186 1
                                    

Translator- HMM Editor- Aster

UNICODE

"နင် တခြားတက္ကသိုလ်ကိုပဲ ရွေးနိုင်မယ်ထင်တယ်" ဟု ချင်မုရှောင်းက ထပ်လှောင်ပြောင်ပြောဆိုလိုက်သည်။

ယွမ်ကဲချင်က မနေနိုင်တော့ဘဲ ချင်မုရှောင်းကိုကြည့်လိုက်သည်။ ဒီလောက်နှစ်တွေအများကြီး ကြာပြီးတာတောင် ချင်မုရှောင်းက မတိုးတက်သေးဘဲ အရင်ကလို တုံးမြဲတုံးလျက်ဖြစ်နေတာကို သူမ အံ့ဩသွားသည်။

ဒါပေမယ့် သူမ နောက်ဆုံးစကားကိုတော့ သဘောတူလိုက်သည်။

ထန်းမိုက တခြားတက္ကသိုလ်ကို ရွေးသင့်တယ်......

"ဝမ်းကွဲအစ်မ နင် စာမေးပွဲမှာ အမှတ်ဘယ်လောက်ရလဲဆိုတာ မပြောသေးဘူးနော် အကြံတူတူထုတ်ရအောင်လေ။ ဘယ်ကျောင်းကို ဝင်နိုင်ချေ အများဆုံးရှိလဲဆိုတာ ကြည့်ရအောင်" အခုအခြေအနေကို ကြည့်လိုက်ရင် ယွမ်ကဲချင်က (1) အခေါင်းထဲ သံရိုက်ထည့်နေသည်နှင့်တူသည်။ သူမက ထန်းမိုရဲ့ ကျရှုံးမှုကို သာယာနေ၏။ {(1) အခေါင်းထဲ သံရိုက်ထည့်ခြင်း = တစ်ပါးသူ၏ ကျရှုံးမှု တစ်စုံတစ်ခုပျက်ဆီးတာကို ပိုပြီး ဆုံးရှုံးအောင် လုပ်သည်နှင့်တူသည်။}

"မင်းတို့ အဲဒါကို စိတ်ပူစရာမလိုဘူး။" ထန်းကျင်းရီသည် သူ့ရယ်ချင်စိတ်ကို ခက်ခက်ခဲခဲ ထိန်းထားကာ‌ ပြောလိုက်သည်။ ထို့နောက် ဝေကဲလီ၊ယွမ်ကဲချင်နှင့်ချင်မုရှောင်း တို့ကို ကြည့်လိုက်ပြီး သူသည် ဦးနှောက်မရှိတဲ့ လူတွေကို ကြည့်နေရသလို ခံစားရသည်။ "ငါတို့ ဆုံးဖြတ်ချက်ချပြီးသား"

"ရွေးပြီးပြီလား" ယွမ်ကဲချင် က မေးသည်။ "ဘယ်ကျောင်းကိုရွေးတာလဲ။"

"ငါ ဘေဂျင်းတက္ကသိုလ်ကို ရွေးထားတယ်" ထန်းမိုက ငါပြောနေတာတွေက အမှန်ပဲ။ နောက်တခြားကသိရမှ ငါ့ကို လိမ်တယ်လို့ မစွပ်စွဲနဲ့ ဆိုပြီး တွေးလိုက်သည်။

"ဘေဂျင်းတက္ကသိုလ်?" ယွမ်ကဲချင်က မှင်သက်သွားပြီး ပြီးနောက် ရယ်ရင်း ပြောလာသည်။ "ဝမ်းကွဲအစ်မ တစ်တန်းပြန်နေဖို့လား? အဲ့လိုမှမဟုတ်ရင် လူအထင်ကြီးခံချင်တာနဲ့ပဲ နင့်ကို လက်မခံတဲ့ တက္ကသိုလ်ကို ရွေးဖို့မလိုပါဘူး။ ဟိတ်ဟန်ထုတ်တာထက် နင် ဝင်ခွင့်ရဖို့ အခွင့်အလမ်းပိုများတဲ့ ကျောင်းကိုပဲ ရွေးသင့်တယ်"

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now