Chapter 113: တိုက်ရိုက် တပည့်

897 118 1
                                    

UNICODE

Translator- Th Editor- Aster

ထန်းမို: "..."

ပါမောက္ခကြီး အထင်မှားနေပါပြီ။

"ဒါတွေအပြင် သမိုင်းပညာရပ်ကိုလေ့လာမယ်ဆိုရင် ရှေးဟောင်းစာအုပ်စာပေတွေ ဖတ်ရှုတာကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ရပ်အနေနဲ့ ပါဝင်တယ်။ ရှေးသုတေသနနယ်မြေတွေမှာတွေ့ရတဲ့ ဂူကမ္ဗည်းကျောက်စာတိုင်‌တွေပဲဖြစ်ဖြစ် လက်ဆင့်ကမ်းထိန်းသိမ်းလာတဲ့ ရှေးဟောင်းအမွေအနှစ်စာအုပ်တွေပဲဖြစ်ဖြစ် လေ့လာမယ်ဟေ့ဆိုရင် ရှေးဟောင်းတရုတ်စာပေကို နက်နက်နဲနဲကျွမ်းကျင်ဖို့ လိုတယ်" ပါမောက္ခတန်ကစိတ်အားထက်‌နေသန်သည့်အကြည့်များဖြင့်ပြောလာသည်။ "ထန်းမို သမီးနဲ့တကယ့်အံကိုက်ပဲ"

"ငါတို့လက်ရှိသိထားတဲ့ သမိုင်းတွေဆိုတာက ရေခဲကျောက်ဆောင်ရဲ့ ထိပ်ဖျားပိုင်းလေးလောက်ပဲရှိတာ။ ငါတို့အဖြေရှာဖို့လိုတဲ့ မဖြေရှင်းနိုင်သေးတဲ့ အဖြစ်အပျက်တွေ အများကြီးရှိပြီးတော့ ငါတို့လေ့လာဖို့လိုတဲ့ ရှေးဟောင်းသုတေသနတွေ့ရှိချက်တွေလည်း အများကြီးရှိတယ်" ပါမောက္ခတန်က စိတ်လှုပ်ရှားစွာဖြင့် ထန်းမိုဆီ လက်ဆန့်ထုတ်ပြီးပြောသည်က "ထန်းမိုရေ သမီးကငယ်ငယ်လေးနဲ့ဒီလောက်အဆင့်ထိတောင်ရောက်နေပြီ။ဘဏ္ဏာရေးဌာနမှာ နေတာက သမီးရဲ့စွမ်းရည်တွေကို အလဟဿလုပ်လိုက်တာနဲ့တူတူပဲ"

"လာပါ ဆရာတို့သမိုင်းဌာနကိုလာပြီး သမိုင်းထဲကလူသားတွေရဲ့ ထူးကဲများပြားလှတဲ့ ယဉ်ကျေးမှုတွေကို ဖော်ထုတ်ကြစို့!" ပါမောက္ခတန်၏ စိတ်အားထက်သန်နေတဲ့အသံက တဖြည်းဖြည်းနဲ့ကျယ်လောင်လာလေသည်။

ထန်းမို:"..."

ပါမောက္ခကု:"..."

"ထန်းမိုရေ ဆရာတို့တရုတ်စာဌာနကို လာတာက သမီးအတွက်ပိုသင့်တော်လိမ့်လို့ ဆရာထင်တယ်" ပါမောက္ခတန်က ထန်းမိုကိုစည်းရုံးသိမ်းသွင်းပြီး အလစ်သုတ်သွားတော့မှာကို ပါမောက္ခကုမြင်လေတော့ သူလည်းပဲ ချက်ချင်းပြောလာသည် "သမီးရဲ့ဘာသာစကားစွမ်းရည်ကလည်း အချည်းနှီးမဖြစ်သင့်ဘူး။ငါတို့ဘာသာစကားရဲ့ တင့်တယ်တဲ့အလှတရားကို နက်နက်နဲနဲသုတေသနတွေ လုပ်လေ့လာပြီးမှ မြင်တွေ့ရတာ။ သမီးသာသမိုင်းဌာနကိုသွားမယ်ဆိုရင် အာရုံလည်း ဝင်စားနိုင်မှာမဟုတ်သလို ငါတို့ဘာသာစကားရဲ့ အလှအပအတိမ်အနက်ကိုလည်း ကြုံတွေ့ရမှာမဟုတ်တော့ဘူး။သမီးသာ ပြောင်းရွေ့ဖို့ဆန္ဒရှိသရွေ့တော့ ဒီပျင်းဖို့ကောင်းတဲ့ လုပ်ထုံးလုပ်နည်းတွေ ငါတို့ကျော်လိုက်လို့ရတယ်။ ငါကိုယ်တိုင် သမီးအတွက်တိုက်ရိုက်လုပ်ပေးမယ်။ဘာကိုမှသမီးစိတ်ပူဖို့မလိုဘူး။ သမီးတစ်စုံတစ်ရာ‌ကြောင့် တစ်ယောက်ယောက်ဆီက လက်မှတ်လိုတယ်ဆို ဆရာကိုယ်တိုင် သမီးအတွက်ယူပေးမယ်။ သမီးကအတန်းသွားတက်ယုံလေးပဲ"

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now