အခန်း ၄၀ - ဝေမိသားစုက ထန်းမိုကို ခေါ်ထားဖို စိတ်ပိုင်းဖြတ်ထား

2.9K 461 10
                                    

UNICODE

ထန်းမိသားစုလည်း မတ်တပ်ရပ်ကာ ထိုစုံတွဲအား နှုတ်ဆက်လိုက်သည်။

"မစ္စတာထန်း" ဝေမင်ဝမ်က ထန်ဝမ်စစ်ကို မြင်လိုက်ရသည့်အတွက် ဝမ်းသာသွားသည်။ ထန်းမိသားစုတစ်စုလုံး ရောက်နေတာမြင်ချိန်မှာတော့ သူတွေဝေသွား၏။ "ဒါက..."

ထန်းဝမ်စစ်က သူ့စကားလုံးတွေကို သေချာရွေးချယ်လိုက်သည်။ "သခင်လေးဝေက မိုမိုကို စာပြချင်တယ်လိုပြောတယ်"

"ဘာကိုသခင်လေးဝေလဲ? ခင်ဗျားက သူ့ထက်အကြီးတွေပဲ။ သူက ကလေးပဲရှိသေးတာ။ ဘယ်လိုလုပ် ဒီလိုခေါ်လိုရမလဲ? သူက အငယ်ပဲ။ ခင်ဗျား သူ့ကို ကျီချင်လို ခေါ်လိုရတယ်" ဝေမင်ဝမ်က ပြောလိုက်သည်။

ကနဦးကတော့ ထန်းဝမ်စစ်လည်း ဝေကျီချင်ကို အဲ့လိုခေါ်ရတာ နည်းနည်းကသိကအောက်ဖြစ်၏။

သိုပေမယ့် ဝေမင်ဝမ်က သူ့ကို ပြောချိန်မှာတော့ ဝေမိသားစုရဲ့ဆက်ခံသူကို ခေါ်နည်းအား ထန်းဝမ်စစ်ပြောင်းလိုက်သည်။ "ကျီချင်က မိုမိုကို စာပြပေးချင်တယ်ဆိုလို ကျွန်တော်တို အရမ်း ကျေးဇူးတင်မိတယ် ဒါပေမယ့် စာပြမယ့်အချိန်စာရင်းကတော့ ဆွေးနွေးဖို လိုသေးတယ်လေ။ ကျွန်တော်တိုဘက်က မပြောရသေးခင်မှာပဲ မိုမိုကို ဒီကိုခေါ်သွားလိုက်တယ်"

ထိုစကားကို ကြားချိန်မှာတော့ ဝေမင်ဝမ် မျက်လုံးပြူးသွားသည်။
ထန်းဝမ်စစ်စကားက အရမ်းကို သံတမန်ဆန်ပေမယ့်လည်း ဝေမင်ဝမ်ကတော့ ဝေကျီချင်ရဲ့ စိတ်နေသဘောထားကို ကောင်းကောင်းနားလည်သည်။

သူက ကလေးမလေးကို ဆွဲလုလာတာ အသိသာကြီးပင်။ သူများတကာသမီးလေးကို ဆွဲလုတာ အဆင်ပြေလိုလား?
ဝေကျီချင် အရွယ်ရောက်လို ရည်းစားထားချိန်ကျရင်ရော သူမျက်စိကျတဲ့ မိန်းကလေးတွေ့တာနဲ့ ဆွဲလုမလားဆိုတာကို ဝေမင်ဝမ် အနည်းငယ်စိုးရိမ်မိသွားသည်။

"ငါ့ကိုပြော မင်း ဘာစီစဉ်ထားလဲ?" ဝေမင်ဝမ်က ရှောင်မန်ဟန်နှင့် တူတူထိုင်ပြီးတော့ ဝေကျီချင်ကို မေးလိုက်သည်။

"မိုမိုက အတန်းကျော်တတ်ချင်တယ်" ဝေကျီချင်ပြောလိုက်၏။

ဝေမင်ဝမ်လည်း ဒါကိုကြားတော့ အံ့အားသင့်သွားသည်။ "ကျီရှားအကယ်ဒမီမှာ အတန်းကျော်တက်ဖိုဆိုတာ မလွယ်ဘူး။ တစ်တန်းကျော်တတ်ဖို လွယ်တယ်ဆိုပေမယ့် ကျီရှားအကယ်ဒမီမှာတော့ နှစ်တိုင်း ကျောင်းသားတွေအများကြီးက စာမေးပွဲကျလို နဂိုအတန်းပဲ ပြန်တက်ရတယ်"

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now