အခန်း ၇၃: သမီးလည်း နေချင်တယ်

2.1K 330 4
                                    

UNICODE

Translator- Th Editor- Aster

သူမတူမ ယွမ်ကဲချင်အတွက်တော့ သူမသေတွင်း သူမကိုယ်တိုင်မတူးမိဖို့ပဲ ရှုမင်ကျန်းမျှော်လင့်နိုင်သည်။

ရှုမင်ကျန်းက ထန်းဝမ်စစ်ကို ဖုန်းထပ်ခေါ်ခဲ့သည်။ ဝေကျီချင်အကြောင်းကို ဖုန်းကနေပြောရမှာကို မသင့်တော်တဲ့အတွက် သူတိုစိတ်မပူအောင်လို့ သူမနဲ့မိုမိုက အိမ်ပြန်ရောက်တာ နည်းနည်းနောက်ကျမယ်လို့ပဲ သူမယောက်ျားကိုပြောလိုက်သည်။

တကယ်လို ရှုမင်ကျန်းနဲ့ထန်းမိုသာ ညစာစားချိန်အမှီပြန်မရောက်ခဲ့ရင် ထန်းဝမ်စစ်က အန်တီကောင်းကို သူနဲ့သူ့သားတွေအတွက်အရင် ညစာပြင်ပေးခိုင်းရမည်။

သူတို‌တွေဆေးရုံမှာဆိုတာ သူသိတော့ ထန်းဝမ်စစ်က ရှုမင်ကျန်းနဲ့ထန်းမိုက မတော်တဆထိခိုက်မှုများ ဖြစ်ခဲ့တာလားလို အသေအချာထပ်ခါတလဲလဲ မေးမြန်းနေသည်။ ရှုမင်ကျန်းက သူစိတ်ရှင်းအောင်လို့ အကြိမ်ပေါင်းများစွာ သူ့ကို‌အခိုင်အမာရှင်းပြပေးသည်။

လူတိုင်းကခွဲခန်းအပြင်မှာ အချိန်အကြာကြီးစောင့်ဆိုင်းနေကြသည်။ ခွဲခန်းတံခါးပွင့်တဲ့အချိန်မှာ အပြင်မှာမှောင်ရီ‌တောင် သန်းနေပြီဖြစ်သည်။

ပြီးနောက် ဝေကျီချင်ကိုခွဲခန်းထဲမှ ထုတ်လာခဲ့သည်။

"ခွဲစိတ်မှုအောင်မြင်ပါတယ်။ သူအခုအနားယူဖို့တော့ လိုတယ်။" ဆရာဝန်ကထုတ်ဖော်ပြောလိုက်သည်။ ""အခုတော့ ပိုးဝင်ပြီး နောက်ဆက်တွဲရောဂါတွေမဖြစ်အောင် ကာကွယ်ဖို့အရေးကြီးတယ်။ ဆရာဝန်နဲ့သူနာပြုတွေက သူ့ကိုရံဖန်ရံခါလာကြည့်ပေးလိမ့်မယ်။ ဒါပေမယ့် အကယ်၍များ သူကိုယ်ပူရှိန်တက်လာရင် သူနာပြုကိုချက်ချင်းအကြောင်းကြားနိုင်အောင် လူနာကို အချိန်ပြည့်စောင့်ကြည့်မယ့်သူ တစ်ယောက်ရှိရင်တော့ ပိုကောင်းတာပေါ့။ တကယ်လို့ ညအိပ်ပါစောင့်နိုင်ရင်တော့ အကောင်းဆုံး‌ပေါ့။"

"ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ် ဆရာ။"သခင်ကြီးက စိတ်ရင်းအတိုင်းကျေးဇူးတင်လိုက်သည်။

"ကျွန်တော့်ကို ကျေးဇူးတင်စရာမလိုပါဘူး။ ဒါကျွန်တော့် တာဝန်ပါ။"ဆရာဝန်ချက်ချင်း ပြန်ဖြေသည်။ "တကယ်လိုတစ်ခုခုလိုအပ်ရင် ကျွန်တော့်ကို ခေါ်လိုက်ပါ။"

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now