အပိုင်း -၈၀ ဝေကျီချင် သိနေသလိုပဲ

1.8K 273 1
                                    

Translator- HMM    Editor- Aster

UNICODE

ထန်းမိုက ဖျားသွားသည်။ ထို့ကြောင့် ဝေကျီချင် အချိတ်အဆက်မိဖို့ မခက်ခဲလှပေ။ ထန်းမိုမှာ ကုသနိုင်သော စွမ်းအားအချို့ ရှိနိုင်သည်ဟုလည်း သူထင်လာသည်။

သူသည် အလွန်ပြင်းထန်သော ဒဏ်ရာကို ခံစားခဲ့ရသော်လည်း တစ်ညအကြာတွင် လုံးဝပြန်လည်ကောင်းမွန်လာခဲ့သည်။

သူ့ဒဏ်ရာက အရမ်းပြင်းထန်တာကြောင့် ထန်းမိုက သူမရဲ့အစွမ်းတွေ ကုန်တဲ့ထိ ကုသခဲ့ပြီး သူမရဲ့ခံနိုင်ရည်အား ကျော်သွားနိုင်သောကြောင့် သူမ အရမ်းပင်ပန်းပြီး အဖျားတက်တဲ့ထိဖြစ်သွားတာနေမည်။

"ငတုံးမလေး"ဝေကျီချင် က သူ့ကိုယ်သူ တိုးတိုးလေးပြောသည်။

သူ့ဒဏ်ရာကျက်ဖို့ ကြာတော့ရော ဘာဖြစ်လဲ? သူ့ကို ကုဖို့အတွက်နဲ့ သူမကိုယ်သူမ ခံနိုင်ရည်အားကျော်တဲ့အထိ လုပ်ဖို့ တန်လို့လား?

ဒါဟာသူ့ဘာသာစဥ်းစားမိတာဖြစ်သော်လဲ ဝေကျီချင်သည် သူ့ ခန့်မှန်းချက်က လုံးဝမှန်နေသည်ဟု သေချာပေါက် ခံစားခဲ့ရသည်။

ဒါပေမယ့်လည်း သူက ဘာမှ ထုတ်မပြောခဲ့ပေ။

ဒီကိစ္စကို သိတဲ့သူ နည်းလေလေပိုကောင်းလေလေဖြစ်သည် ဟုသူထင်မိသည်။

ဒါဟာ သူ့မိသားစုနဲ့ ထန်းမိသားစုကို မယုံကြည်ခဲ့တာ မဟုတ်သော်ငြားလည်း ထန်းမိုရဲ့ စွမ်းအားတွေက လူတွေကို စွဲဆောင်သွားမှာ သူစိုးရိမ်နေသည်။

ထန်းမိုဟာ သူကြောင့်နေမကောင်းဖြစ်သွားရသောကြောင့် ဝေကျီချင် က သူ့ကို တခြားမိသားစုဝင်တွေ အပြစ်ပေးချင်နေသလို့ သူ့ကိုယ်သူလဲ အပြစ်ပေးလိုက်ချင်နေသည်။

သခင်မကြီးဝေ၏ ရင်ခွင်ထဲတွင် ထန်းမိုသည် ကြောင်စီစီဖြင့် မျက်လုံးဖွင့်လာသည်။

"ဖွားဖွားကြီး?"

"အင်း မိုမို၊ ဖွားဖွားကြီးပါ" လို့ အဘွား‌ ဝေက ခပ်မြန်မြန်ဖြေလိုက်သည်။

ထန်းဝမ်စစ် နှင့် ရှုမင်ကျန်းတို့သည်လည်း သူမ၏ ကုတင်ဘေးတွင် ရှိနေသည်ကို ထန်းမို တွေ့လိုက်ရသည်။

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now