အပိုင်း၁၀၂- Surprise

1.3K 185 0
                                    

UNICODE

Translator- HMM Editor- Aster

သူတို့စကားဝိုင်းပြီးသွားတဲ့အခါ ကျောင်းအုပ်ကြီးမူက ထန်းမိုရေးထိုးထားတဲ့ စာရွက်တွေကို တခြားသူများခိုးယူသွားမှာကို ကြောက်လို့ ထွက်ပြေးသွား တော့သည်။

လူတိုင်း: "..."

ကျန်တဲ့ ကျောင်းအုပ်တွေအားလုံးကစိတ်ထဲမှာ ဘာပြောရမှန်းမသိဖြစ်သွားရသည်။ သူတို့ကိုယ်တိုင် အထူးတလည်သွားရောက်ဖိတ်ကြားခဲ့ကြသော်လည်း မအောင်မြင်ခဲ့ပေ။ ဒါဟာအချိန်ဖြုန်းခြင်းသက်သက် သဘောပဲဖြစ်ခဲ့သည်။

ခဏကြာတော့ သူတို့အားလုံး စိတ်ပျက်သွားကြသည်။

ဝေကဲလီသည် ကျောင်းအုပ်ကြီးမူ ထွက်ခွာသွားသည့် လမ်းကြောင်းကို မှင်တက်စွာ စိုက်ကြည့်နေသေးသည်။

ဘေကျင်းတက္ကသိုလ်၏ ခန့်မှန်းခြေအနိမ့်ဆုံးဝင်ခွင့်ရမှတ်သို့ မရောက်ရှိမီ သူသည်ထိုအဆင့်သို့ ရောက်ရန် ဘာသာအားလုံးကို ထပ်ခါတလဲလဲလေ့ကျင့်ရန် အချိန် တစ်နှစ်ယူခဲ့ရသည်။ တကယ်တော့ ဒီနှစ်ဝင်ခွင့်ရမှတ်ဟာ ခန့်မှန်းရခက်လွန်းသည်။
ဝင်ခွင့်အမှတ်မထုတ်ပြန်မီတွင် သူသည် စိတ်အေးနိုင်မည်မဟုတ်ပေ။

ဤနေရာမှာ သူက စိတ်လှုပ်ရှားပြီး စိတ်ပူနေရပေမယ့် ထန်းမိုကတော့ ဘေဂျင်းတက္ကသိုလ်ရဲ့ ကျောင်းအုပ်ကိုယ်တိုင် လာတောင်းဆိုရသည်။

"မိုမို... မင်း စာမေးပွဲရမှတ်ကို မကျေနပ်ဘူးလို့ မင်းပြောခဲ့တယ်မဟုတ်ဘူးလား။" ထန်းမို၏လှည့်စားခံရခြင်းကြောင့် ဝေကဲလီ၏မျက်နှာမှာ ဒေါသနှင့်စိတ်ပျက်စရာများ ပြည့်နှက်နေပုံရသည်။ သူအလွန်ဖျော့တော့သွားသည်။

"အင်းလေ။" ထန်းမိုက ခေါင်းညိတ်ပြီး ပြောလာ၏။ "မေးခွန်းတွေက ရိုးရှင်းလွန်းပြီး စိန်ခေါ်မှုလုံးဝမရှိတဲ့အတွက် သိပ်မကျေနပ်ဘူး"

ဝေကဲလီ: "..."

ချင်မု‌ေရှာင်း သည် ဤမြင်ကွင်းကို အလွန်ရင်းနှီးသည်ဟု ခံစားခဲ့သည်။

မူလတန်း ပထမတန်း နောက်ဆုံးနှစ် စာမေးပွဲမှာ သူမ ဒီလိုပဲပြောခဲ့တာ မဟုတ်လား။

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now