Chapter 122: စဉ်းစားပေါ့

1.4K 164 1
                                    

UNICODE

Translator- Th Editor- Aster

"ဒါပေမဲ့ အားလပ်ရက်တွေတုန်းက နင်ကအိမ်ပြန်သွားတော့ မြို့တော်Bမှာရှိမနေဘူးလေ။ နင်ကဒီမှာမရှိဘူးဆို‌တော့ ငါနင့်ကိုကြိုပြောထားရင် နင်စိတ်အနှောင့်အယှက်ဖြစ်နေမှာစိုးလို့ပါ" ဒီအကြောင်းကိုချင်မုရုန်က ဘာ‌ကြောင့်များအချိန်ကုန်ခံပြီး ထိုင်စဉ်းစားပေးနေပါ့မလဲ? သူမကဒီအကြံကိုခုလေးတင်စဉ်းစားမိတာပြီး ဒါကိုကဆင်ခြေအနေနဲ့ပြောခဲ့တာဖြစ်သည်။

"ငါကျောင်းကိုစောစောလာခဲ့ပေမဲ့ ခဏလေးအတွင်းမှာနင်နဲ့တွေ့မယ်လို့ မထင်ထားဘူး" ချင်မုရုန်ကရှင်းပြလေသည်။ "ငါနင့်ကိုအခုတွေ့ပြီဆိုတော့ ချက်ချင်းပြောလိုက်တာပဲကောင်းမယ်ထင်လို့"

ချင်မုရုန်မျက်နှာအမူအရာကစိတ်ရင်းအတိုင်းပြောနေဟန်ရှိပြ ပြုံးပြကာဖြင့် "နင်ဒီကိစ္စကိုစဉ်းစားကြည့်ပေါ့။ နင်ဒါကိုသင့်တော်လို့ထင်ရင်တော့ နင်ကြိုးစားကြည့်ပေါ့။ မကောင်းဘူးလို့ထင်ရင်တော့ မေ့လိုက်‌တော့ပေါ့"

"ငါနင့်ကိုထပ်မနှောင့်ယှက်တော့ဘူး"ချင်မုရုန်ကသူမပြောလို့ပြောပြီးသွားတာနဲ့ ထွက်သွားလိုက်သည်။

"လွန်ရှင်း ငါတော့ သူမပြောတာကို မင်းနားမထောင်သင့်ဘူးလို့ထင်တာပဲ" ဒီအကြံက သိပ်ပြီးနည်းလမ်းမကျဘူးလို့ ဖုန်းလီကျန်းက ခံစားမိလေသည်။

"ငါစဉ်းစားကြည့်လိုက်ဦးမယ်" အစတည်းက ဟောင်လွန်ရှင်း၏အာရုံက ဒီနည်းလမ်းပေါ်မှာပဲ နစ်ဝင်သွားပြီဖြစ်လေသည်။

...

ဝေကျီချင်က ဘာလို့ရောက်လာတာလဲ ဆိုတာကိုတောင် ထန်းမိုက မေးမနေတော့ပေ။ သူမပထမဆုံးစစ်ရေးလေ့ကျင့်ရေးဆင်းရမည့်ရက်မှာ ဝေကျီချင်က သေချာပေါက် သူမကို လာကြည့်လိမ့်မှာဖြစ်သည်။

စစ်ရေးလေ့ကျင့်မှု တက်ရတာက ပင်ပန်းလွန်းတာကြောင့် ဝေကျီချင်က သူမကိုခပ်ဝေးဝေးခေါ်မသွားပေ။ ကျောင်းကန်တင်းကိုပဲ သူရွေးချယ်လိုက်သည်။

ဘေကျင်းတက္ကသိုလ်ရဲ့နေရာရာအမြောက်အများမှာ မတူညီတဲ့ဈေးနှုန်းတွေနဲ့ ကန်တင်းအများအပြားရှိလေသည်။
တစ်ချို့တွေကအတော်လေးဈေးသက်သာကာ အချို့ကတော့ဈေးကြီးလေသည်။

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now