အခန်း ၃၀

3.3K 526 11
                                    

UNICODE

ချင်မုယဲ့ဘေးမှာတော့ တုန်ဟန်ဘီရပ်နေသည်။ ရှုမင်းကျန်းရဲ့ နှလုံးခုန်သံတောင် မြန်သွားသည်။

"မစ္စစ်ချင်"

"အကြောင်းမကြားဘဲ လာလိုက်တာ ကျွန်မတောင်းပန်ပါတယ်...မုယဲ့က ထန်းမိုဆီကို လာလည်ချင်နေလို့ပါ။ သခင်မကြီးဝေရဲ့ မွေးနေ့ပြီးထဲက သူမက ထန်းမိုနဲ့လာဆော့ဖို့ လာချင်နေတာ" တုန်ဟန်ဘီက ချင်မုယဲ့၏ခေါင်းကို ချစ်မြတ်နိုးစွာ ပုတ်ပေးလိုက်ရင်း ပြုံးလိုက်သည်။ "သူမကို တခြားသူနဲ့လွှတ်လိုက်ရင် ရိုင်းမှာစိုးလို့ ကျွန်မကိုယ်တိုင် ခေါ်လာလိုက်တာ"

တုန်ဟန်ဘီက အဝင်ဝတွင်ချွတ်ထားသည့် ဖိနပ်လေးရန်ကို မြင်လိုက်တော့ တခြားဧည့်သည်တွေဖြစ်မှန်း သိလိုက်သည်။ သူမက ရှက်သွားသည့်ဟန်ဖြင့် ပြောလာသည်။ "ကျွန်မက ဒီကို အလောတကြီးလာလိုက်မိတာ တကယ်အားနာမိပါတယ်... ဧည့်သည်တွေရောက်နေမှန်း မသိလိုက်ဘူး"

တုန်ဟန်ဘီက မရဲတင်းပေ။ ချင်မုယဲ့ကသာ ကလေးမို့လို့ တခြားသူတွေရဲ့အပြုအမူကို မစမ်းစစ်နိုင်ဘူးဖြစ်သည်။ တုန်ဟန်ဘီကလည်း ထန်းမိုနှင့် တကယ်ဆုံချင်တာမို့လို့ သူမ သမီးနှင့်လာလိုက်တာဖြစ်သည်။

ရှုမင်းကျန်းက တိတ်ဆိတ်စွာဇောဒကတတ်နေမိသည်။ ဝေကဲလီကိုတော့ ယွမ်ကဲချင်က လုသွားပြီဖြစ်သည်။ သူမက ချင်မုယဲ့ကိုရော လုသွားရင် ဘယ်လိုလုပ်မလဲ?

အရင်တုန်းက သူမအပေါ်ကောင်းခဲ့သည့်အစ်ကိုကြီးက တခြားသူရဲ့ ဆွယ်မှုကို အလွယ်တကူခံလိုက်ရပြီး အခုလေးတင် ဆုံထားသည့် သူငယ်ချင်းကိုပါ အလုခံလိုက်ရရင် သူမသမီးလေး ဘယ်လောက်တောင် စိတ်မကောင်းဖြစ်မလဲဆိုတာ ရှုမင်းကျန်း မတွေးကြည့်ရဲပေ။

သို့သော်လည်း ရှုမင်းကျန်းက တခြားသူကို မောင်းမထုတ်နိုင်တော့ သူမက အပြုံးလေးဖြင့်သာ ကြိုဆိုလိုက်သည်။ "ဘာလို့အရမ်းယဉ်ကျေးနေရတာလဲ? ကျေးဇူးပြုပြီး ဝင်လာခဲ့ပါ"

ချင်မုယဲ့က ယဉ်ကျေးစွာ နှုတ်ဆက်လိုက်ပြီး ဖိနပ်လဲကာ ဝင်လာလိုက်သည်။

"မိုမို" ချင်မုယဲ့က တခြားသူတွေကို ဂရုမစိုက်နေဘဲ ထန်းမိုဆီသာ ပြေးသွားလိုက်သည်။ လူမရောက်ခင် သူမအသံက အရင်ရောက်နေပြီဖြစ်သည်။ "နင် ကျီရှားအကယ်ဒမီကို သွားမယ်လို့ ငါကြားတယ်"

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now