အခန်း ၇၇ : ထန်းမိုကြောင့် ဒါတွေလုပ်နေတာ မဟုတ်ဘူးလား?

2.3K 324 7
                                    

Translator - Th        Editor-Aster

UNICODE

ဒါကတော်တော်လေးကို မသင့်တော်တာပဲ!

"ဘာလုပ်နေကြတာလဲ?" ဝေကျီချင်နဲ့ ထန်းမိုကို စိမ်းစိမ်းဝါးဝါးကြည့်ပြီး ချင်မုရုန်ကအခန်းထဲသို့ တဟုန်ထိုးဝင်လာလေသည်။

"မင်းအသံကိုလျော့ထားစမ်း" ဝေကျီချင်က အုံ့မှိုင်းနေတဲ့အမူအရာဖြင့်ပြောကာ ထန်းမိုနိုးသွားမှာစိုး၍ သူမနားရွက်ကို အလျင်အမြန်အုပ်ထားပေးသည်။

ချင်မုရုန်က ကြက်သေသေနေသလို တောင့်ခဲနေပုံကိုကြည့်၍ ဝေကျီချင်က စိတ်မရှည်စွာနှင့်မေးလိုက်သည်။ "မင်းဘာကြောင့် ဒီရောက်နေရတာလဲ"

ဝေကျီချင်က ထန်းမိုနားကို အုပ်ပေးထားတုန်းဖြစ်သည်။ ချင်မုရုန်ရဲ့အကြည့်က ထန်းမိုမျက်နှာထက်ဝယ်ရှိနေဆဲဖြစ်ပြီး သူမကိုင်ထားတဲ့ဓာတ်ဘူးကို စားပွဲပေါ်တင်လိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။ "နင်ထိခိုက်မိတယ်ကြားတယ်လို့ ငါနင့်ကိုကြည့်ဖို့လာခဲ့တာ။ ဦးဆုံးအ‌နေနဲ့လူနာတွေကရှောင်စရာ ဆောင်စရာတွေများတယ်လို့ တွေးမိတော့ဆန်ပြုတ်ယူလာပေးတာကပဲ အကောင်းဆုံးဖြစ်မယ်လို့ တွက်ဆမိလို့ ငါကိုယ်တိုင်ပြုတ်ပြီး ယူလာပေးတာ။ အခုမွန်းတည့်နေပြီဆိုတော့ နေ့လည်စာအနေနဲ့နင်ဒါကိုစားလို့ရတာပေါ့။"

"မလိုဘူး။ ကျေးဇူးပဲ။ ငါနာလန်ပြန်ထူနိုင်အောင်လို့ ငါ့အတွက်အစားအစာတွေကို အထူးစီစဉ်ပေးတဲ့လူ‌ရှိတယ်။" ဝေကျီချင်က အလိမ္မာနည်းမသုံးချင်သလို ချင်မုရုန်ကိုလည်းကျေးဇူးတင်ဖို့ ရည်ရွယ်ချက်မရှိပေ။ "ငါ့အခြေအနေကို သေချာမသိဘဲ မင်းချက်လာတဲ့ဆန်ပြုတ်ထက်စာရင် ဒါကပိုကောင်းတယ်ဆိုတာတော့ ငါသေချာတယ်။"

"ငါဒါကို ပေါ့ပေါ့တန်တန်ချက်လာတာမဟုတ်ဘူး။ ငါဒါကို စိတ်ရောကိုယ်ပါမြုပ်နှံပြီး ချက်လာခဲ့တာ။" ချင်မုရုန်က ဝမ်းနည်းဟန်နဲ့ သူမနှုတ်ခမ်းကိုကိုက်ကာ ပြောလာသည်။ "ငါကဆန်ပြုတ်ကို နူးညံ့ပြီး ပျော်ဝင်လွယ်အောင်လို့ သေချာလေးအချိန်ပေးပြီး ပြုတ်ခဲ့တာ။ နင်တခြားဘာမှမစားနိုင်‌လောက်ဘူးလို့ ငါတွေးမိလို့ ဟင်းသီးဟင်းရွက်တွေကို သေချာ‌ရောစပ်ကျိတ်ခြေပြီး ထည့်ထား‌သေးတာ။ နင့်အတွက်သေချာစီစဉ်ပေးတဲ့အစားအစာတွေနဲ့ မကွဲလွဲလောက်ပါဘူး။ နင်အဲ့ဒါကိုစားပြီးရင်‌လည်း ငါ့ဆန်ပြုတ်နည်းနည်းသောက်လို့ရပါတယ်လေ။"

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now