အခန်း 129: မင်းကရော သူ့အတွက် ပြိုင်ဖို့ ဒီရောက်လာတာမဟုတ်ဘူးမလား

484 64 0
                                    

UNICODE

Translator- HMM Editor- Aster

ရှိနေသည့် ကျောင်းသားအားလုံး "..."

သူတို့အားလုံးက ချင်မုရုန်ကို အံ့ဩသည့်အကြည့်များဖြင့် ကြည့်နေကြသည်။

သူမသည် ပရော်ဖက်ဆာများစွာက သူမကို သဘောကျကြောင်းနှင့် ထန်းမိုကို ပရော်ဖက်ဆာများနှင့် မိတ်ဆက်ပေးလိုကြောင်း အခုလေးတင် ပြေထားတာလေ။

သို့သော် ပါမောက္ခများ၏ တပည့်ရင်းများက သူမကို မသိကြပေ။

သူမသာပါမောက္ခများ၏တပည့် မဖြစ်ခဲ့ရင် ပါမောက္ခများနှင့် သုတေသနပြုလုပ်ရင်း သူတို့အချင်းချင်း မကြာခဏ တွေ့ဖူးကြလိမ့်မည်။

ကိုယ်ရေးတပည့်တွေက သူမကို ဘယ်လိုလုပ်မသိတာလဲ?

ချင်မုရုန်က နောက်ထပ်တစ်ကြိမ် ဖော်ထုတ်ခံလိုက်ရပြန်သည်။

"အစ်မဝမ် ညီမက ဘဏ္ဍာရေးဌာနက ချင်မုရုန်ပါ။ ညီမက ပါမောက္ခဟဲနဲ့ စာလေ့လာလေ့ရှိပါတယ်"

ဤလူနှစ်ယောက်ရှေ့တွင် ချင်မုရုန်သည် ချင်မိသားစု၏သခင်မလေးဟု မဆိုဝံ့ပေ။

သူမသည် လူအချို့ရှေ့တွင် ထုတ်လွှင့်ပြသရန် သတ္တိရှိသော်လည်း ဝမ်ယွဲ့မု နှင့်ဝူရှောင်းယဲ့ ကဲ့သို့သော ပါမောက္ခများ၏ တိုက်ရိုက်တပည့်ရင်းများရှေ့တွင် ထုတ်ဖော်ပြသရန် မဝံ့ရဲခဲ့ပေ။

ဤအချိန်တွင် သူမက အရမ်းမျက်နှာချိုသွေးနေတော့သည်။
သူမသည် သူ၏ပါမောက္ခနှင့်အတူ လေ့လာခဲ့သော်လည်း ထန်းမိုအား သူမ‌ပြောပြခဲ့သလို‌တော့မဟုတ်ပေ။

ရံဖန်ရံခါတွင် လူအလုံအလောက်မရှိသောကြောင့် သူမအားအကူအညီတောင်းသည့်သ‌ဘောသာဖြစ်သည်။
ရံဖန်ရံခါ သူမသည် ပါမောက္ခနှင့် အလုပ်တွဲလုပ်ရတတ်သည်။

တကယ်တမ်းပြောရရင် လူအလုံအလောက်မရှိရင်တောင် လူတိုင်းက သွားကူညီလို့ရတာမဟုတ်ဘူးလေ။
သူမက ထန်းမိုကို မလိုမုန်းထားသည့်စိတ်ဖြင့် တမင်တကာ ဒီနေ့ရောက်လာတာဖြစ်သည်။

အကယ်၍ ထန်းမိုသည် သူမ၏အစီအစဉ်ကို သဘောတူခဲ့လျှင် လူအလုံအလောက်မရှိခဲ့ပါက ထန်းမိုကိုထောက်ခံပေးလိုက်ရုံသာဖြစ်သည်။

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now