အခန်း ၅၀

2.3K 288 1
                                    

UNICODE

လီရှင်းယွန်က နောက်ဆုံးမှ ရောက်လာတာဖြစ်သည်။ သူမ မင်ယဲ့ချင်ရဲ့ ဖိတ်ခေါ်မှုကို ရချိန်မှာတော့ ဘာဖြစ်မလဲဆိုတာ သူမ စိတ်ထဲ ထင်မြင်ချက်တစ်ခု ရှိပြီးပြီဖြစ်သည်။

ပထမတော့ သူမ တုန့်ဆိုင်းပြီး မသွားဖို လုပ်ပေမယ့် နောက်တော့ လာဖို ဆုံးဖြတ်လိုက်သည်။

ထန်းမိုနှင့် တခြားတစ်နှစ်ယောက်ကို မြင်ချိန်မှာ လီရှင်းယွန်က အံ့ဩမှုမဖြစ်ဘဲ ကျန်တဲ့လေးယောက်လို အပြစ်ရှိသလိုခံစားရကာ ဘာမှ မပြောဘဲ ထိုင်လိုက်သည်။

ယောကျာ်းလေးတွေထဲက တစ်ယောက်ဖြစ်သည့် ကုရှောင်နန်က အရင်ဦးစွာ ပြောလာသည်။ "ငါတို ၅ယောက်ကိုပဲ ဖိတ်ပြီး အားလပ်ရက်အတွက် အောင်ပွဲခံတယ်ဆိုတဲ့ ဆင်ခြေတွေ ရပ်ပြီးတော့ ပြောစရာရှိတာ ပြောလိုက်"

စကားပြန်ပြောချင်နေသည့် ချင်မုယဲ့ရဲ့လက်ကို ဆွဲလိုက်ပြီး ထန်းမိုက ပြောလိုက်သည်။ "ဒါဆို ငါပဲ အတိအကျပြောတော့မယ်"

ဒါက သူမရဲ့ကိစ္စဖြစ်သည်။ ချင်မုယဲ့က သူမကို ကူညီချင်သည့်အတွက် အရမ်းကျေးဇူးတင်မိသည်။ သိုပေမယ့် ချင်မုယဲ့နှင့်မဆိုင်သည့် ကိစ္စကို ချင်မုယဲ့က ပြောမှာကို သူမ ခွင့်မပြုနိုင်ပေ။

ချင်မုယဲ့ သူမအတွက် လုပ်ပေးတာတွေ လုံလောက်ပြီ။
လက်ဖက်စိမ်းက သူမနှင့် ရင်းနှီးတဲ့သူတွေကို တည်ခင်းဖို မဟုတ်ပေ။

"မနေ့မနက်က သင်္ချာစာမေးပွဲ မတိုင်ခင် လီရှင်းယွန်က ငါ့ကိုပြောတယ် မုယဲ့က ငါ့ကို ရှာနေတယ်ဆိုပြီးတော့။ ငါ စာသင်ခန်းထဲကနေထွက်သွားဖို လှည့်စားခံလိုက်ရတာ။ ဒါပေမယ့် မုယဲ့က ငါ့ကိုမရှာဘူးဆိုတာ သိလိုက်ရတယ်" ထန်းမိုက အလေးအနက်ကြည့်ရင်း ဆက်ပြောလာသည်။ "မုယဲ့က ငါ့ကို ရှာလားမရှာလားဆိုတာ လီရှင်းယွန်သိတယ်"

"ဒါပေမယ့် ငါက အခု ဒီကိစ္စကို ဆက်မပြောချင်ဘူး" လီရှင်းယွန်လန့်သွားတာ ထန်းမို မြင်လိုက်သည်။ သူမက လီရှင်းယွန်ကို ပြုံးပြပြီး ဆက်ပြောလိုက်သည်။ "ငါ သိချင်တာက ငါအပြင်ထွက်နေတုန်း ဘယ်သူက ငါ့စာရေးကိရိယာတွေကို ဖျက်ဆီးလိုက်တာလဲဆိုတာပဲ"
"အဲ့အချိန်တုန်းက နင်တို ၅ယောက်က အတန်းထဲမှာရှိနေတော့ နင်တို အကုန်မြင်မှာပဲလေ" ထန်းမိုရဲ့ အကြည့်က သူတို ၅ယောက်ထံကျရောက်နေသည်။

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now