အခန်း ၅၇

2.2K 309 4
                                    

UNICODE

Translator – Th Editor – Aster

ဆောင်းရာသီအားလပ်ရက်ပြီးလို မကြာခင်မှာနွေဦးပွဲတော်ရောက်ရှိလာသည်။
နွေဦးပွဲတော်ရဲ့ ပထမနေ့မှာ နှင်းများစတင်ကျဆင်းလာသည်။မြေပြင်တစ်ခွင်မှာ နှင်းတွေအပြည့်ဖြင့် ကျယ်ပြောတဲ့အဖြူရောင် လွင်ပြင်ကြီးဖြစ်နေသည်။

ထန်းမိုကနှင်းတွေကို အရမ်းနှစ်သက်သည်။
နှင်းကျတဲ့အခါကျရင် သူမအရင်ဘဝတုန်းက နှင်းတွေဖုံးလွှမ်းနေတဲ့တောင်မှာ သူမနေခဲ့တာကို အမှတ်ရမိသည်။
ဘေကျင်းမှာနှင်းသိပ်မကျတာက ဝမ်းနည်းစရာကောင်းသည်။မြေပြင်ပေါ်မှာရှိတဲ့ နှင်းထုထည်ကလည်း လုံလောက်အောင်မကြီးမားပေ။

နွေဦးပွဲတော် ဒုတိယနေ့မှာ သူတို့ကအရည်မ‌ပျော်သေးတဲ့နှင်းတွေထဲမှာကစားနေပြီး သူတိုအဖွားဆီကို သွားလည်ဖို စောင့်နေကြသည်။

နွေဦးပွဲတော်ရဲ့ နှစ်ရက်မြောက်နဲ့ သုံးရက်မြောက်အချိန်အတောအတွင်းမှာ အိမ်ထောင်ကျပြီးသား အမျိုးသမီးတွေဟာ ဓလေ့ထုံးတမ်းအရ မိဘအိမ်ကို ပြန်‌ကြသည်။

ထန်းမိုက ဒီနေ့မှာတော့ သူမရဲ့ဆံပင်ရှည်တွေကိုဖြန့်ချထားသည်။

မနှစ်တုန်းက ရှုမင်ကျန်းကသူမကို ပြင်သစ်ဒီဇိုင်း လှိင်းတွန့်ဆံပင်ပုံစံလေး လုပ်ပေးထားသည်။

နေရောင်ခြည်အောက်မှာ သူမရဲ့ရှည်လျားနူးညံ့တဲ့ဆံပင်လေးက နီညိုရောင်သန်းနေသည်။ တလက်လက်တောက်ပနေတဲ့ လှိင်းလေးတွေပေါ်မှာ နေရောင်ခြည်ကထွန်းလင်းနေတာနဲ့ တူသည်။

သူမရဲ့ခေါင်းထိပ်နားလေးမှာ ရွှေဖရုံရောင် သံပုရာခွံဦးထုပ်ကလေး ဆောင်းထားသည်။သူမရဲ့ ဆံနွယ်တွေက သူမပါးမိုမိုလေးကို ဖုံးကွယ်နေတော့ သူမမျက်နှာလေးကလုံးလုံးလေးဖြစ်နေပေမဲ့ သူမမျက်နှာကျပုံက‌ သေးသွယ်သွယ်လေးနဲ့ပိုပေါ်လွင်လာသည်။

သူမက အနီရောင်သိုးမွှေးအင်္ကျီကို ဝတ်ဆင်ထားပြီးတော့ သူမလည်ပင်းမှာ အဖြူရောင်သားမွေးလည်စီးလေး ပတ်ထားတော့ သူမမေးစေ့ကိုပါဖုံးကွယ်သွားသည်။
နှင်းတွေထဲမှာ အဖြူနဲ့အနီဝတ်ဆင်ထားပြီးလမ်းလျောက်နေတော့ သူမပုံစံလေးက နှင်းကမ်းပါးပေါ်မှာ ရောင်ပြန်ဟပ်နေတဲ့ ဟင်္သာလေးနဲ့တူနေသည်။

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now