အခန်း ၄၅

2.6K 435 1
                                    

UNICODE

ျောင်းသားတွေလည်း စာမေးပွဲကို အာရုံစိုက်လိုမရဖြစ်နေတာကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေပြီဖြစ်သည်။

သူတိုသာ စာမေးပွဲကျသွားရင် တစ်တန်းပြန်ထပ်နေရမည်ဖြစ်သည်။

ကျီရှားအကယ်ဒမီမှာ အတန်းကျလို ပြန်တက်ရတယ်ဆိုတာက ရှက်ဖိုကောင်းသည်။ သူတိုက သူတိုကိုယ်သူတိုရော သူတိုမိသားစုကိုရော အရှက်မရစေချင်ပေ။

သိုသော်လည်း ထန်းမိုက အလျှော့ပေးလိုက်မယ်လို သူတိုမထင်ထားပေ။ ချင်မုရှောင်းအသံတိတ်ဖိုအတွက် သူမက စာမေးပွဲမဖြေဖိုကို ရွေးခဲ့သည်။ ထန်းမိုက အရမ်းကြင်နာတတ်ပြီး တွေးပေးတတ်သည်။

ပြီးတော့ ဒီစာသင်နှစ်အတွင်းမှာ ချင်မုရှောင်းက ပြဿနာတွေရှာနေချိန်မှာ ထန်းမိုက ကောင်းကောင်းမွန်မွန်နှင့် နှိမ့်ချကာနေသည်။

ချင်မုရှောင်းက ပြဿနာကို မီးခွက်ထွန်းရှာရင်တောင် ထန်းမိုက သူမအဆင့်ကို လိုက်မနှိမ့်ပေ။

ထိုအချိန်တွင် အပြင်က နေရောင်က တောက်ပစွာ ဖြာကျနေကာ အလင်းရောင်တွေက ထန်းမိုပေါ် ကျနေသည်။ သူမက တောက်ပနေသည့်ပုံလေးနှင့်တောင် တူနေသည်။ သူမကို ကြည့်လိုက်ရုံနှင့် သူတိုရဲ့ နှလုံးသားနွေးထွေးသွားအောင် လုပ်ပေးနေတာနှင့် တူသည်။

လီရှင်းယွန်က ကြောက်ရွံစွာနှင့် လက်မြှောက်ကာ ပြောလိုက်သည်။ "ဆရာမ ထန်းမိုကို စာမေးပွဲဖြေခွင့်ပေးလိုက်ပါ"

ထန်းမိုက အရမ်းကိုကြင်နာသည်။ သိုသော်လည်း ထန်းမိုကို ဆန့်ကျင်ဖို ချင်မုရှောင်းရဲ့ ညစ်ပတ်သည့်အကြံအစည်အတွက် သူမ ကူညီပေးခဲ့သည်။

ချင်မုယဲ့က ထန်းမိုကိုရှာနေတယ်ဆိုပြီး သူမလိမ်ခဲ့သည်။ သူမ သဘောတူခဲ့ရသည့်အကြောင်းရင်းက ချင်မုရှောင်းက သူမကို ခြိမ်းခြောက်လိုဖြစ်ပြီး သူမကို မဆန့်ကျင်ရဲလိုဖြစ်သည်။

သိုပေသော်ငြား သူမက ထန်းမိုကို လိမ်လိုက်သည့်အချိန်တွင် အပြစ်ရှိသလို ခံစားနေရသည်။ ချင်မုရှောင်း အသံရပ်ဖို ကျန်တဲ့သူတွေ စာမေးပွဲဆက်ဖြေနိုင်ဖို ထန်းမိုက တကယ့်ကို စာမေးပွဲမဖြေဖို ရွေးလိုက်၏။ လီရှင်းယွန်က သူမအတွက် ပြောပေးဖို အားမနည်းမွေးခဲ့ရတာဖြစ်သည်။

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now