အပိုင်း-၆၃ ဝေမိသားစုအိမ်ကို ရောက်လာမှု။

2.3K 323 3
                                    

Translator – HMM Editor - Aster

UNICODE

"အဖွား နာကျင်နေတဲ့အခါ မင်း သူ့ကို အာရုံလွှဲဖို့ပဲလိုတယ်။ ဒါဆို ခေါင်းကိုက်တဲ့အ‌ကြောင်း ဆက်မတွေးတော့ဘဲ သက်သာသွားမှာ...." သူစကားပြောနေစဉ်တွင် သူမသည် တစ်နှစ်ခွဲနီးပါး ခေါင်းမကိုက်တာကို သတိရသွားသည်။ နောက်ဆုံးအကြိမ် ခေါင်းကိုက်တုန်းက သူမ အကြိမ်အနည်းငယ်လောက် နှိပ်နယ်လိုက်ပြီး အဖွားမှာ သက်သာသွားခဲ့သည်။

ဝေကျီချင်အတွက် ဒါဟာ တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်ခဲ့ရင်တောင် ထန်းမိုနဲ့ အဖွားဝေတို့ ဆက်ဆံရေးကောင်းလို့ပဲ ဖြစ်မည်ဟု သူထင်ခဲ့သည်။

မဟုတ်ရင် ဒီတိုက်ဆိုင်မှုဟာ တခြားလူကို ဘာကြောင့် မဖြစ်ခဲ့တာလဲ?

"အဖွားက မိုမိုက သူမရဲ့ ကံကောင်းတဲ့ ကြယ်ပွင့်ဖြစ်ပြီး မိုမိုကိုမြင်ရတာ သူပျော်တယ်လို့ အဖွားကပြောတယ်၊ ဒါကြောင့် မင်းကိုတွေ့ချင်တာ" လို့ ဝေကျီချင်က ဆိုပြန်သည်။ "ဒါကနည်းနည်းတော့ ထူးဆန်း‌နေပြီး အခုက နှစ်သစ်ကူးချိန်ဖြစ်နေတော့ မင်းကို မင်းမိသားစုနဲ့ ဝေးရာကို ခေါ်သွားဖို့ မသင့်တော်ပေမယ့်၊ သူမက နေမကောင်းဖြစ်နေလို့ ငါက လိုက်လုပ်‌ပေးရတာ"

ဝေကျီချင်သည် ထန်းမို၏ဆံပင်ကို ပွတ်သပ်ရန် လှမ်းလိုက်ချိန် သူမလေးက နံပြားဦးထုပ်လေး ဆောင်းထားတာကို တွေ့လိုက်၍ သူရပ်သွားသည်။

နံပြားဦးထုပ်လေးက ထန်းမိုကို သိမ်သိမ်မွေ့မွေ့နှင့် နူးနူးညံ့ညံ့ဖြစ်နေသောကြောင့် ဝေကျီချင်သည် ဖျက်ဆီးပစ်ရန် ဆန္ဒမရှိပေ။

ဒါကြောင့် ရွေးစရာမရှိတော့ဘဲ သူမခေါင်းလေးကို မပွတ်ဘဲနေလိုက်သည်။ သို့ပေမယ့် ရလဒ်ကတော့ သူစိတ်ထဲ ဟာတာတာဖြစ်သွားသည်။

"ဒါပေမယ့် အဲ့ဒါကြောင့် မိုမို ဖိအားများသလို မခံစားပါနဲ့" ဝေကျီချင်က သူ့လက်တွေကို ပွတ်သပ်ပြီး ဆက်ပြောလိုက်သည်။

"မင်းက ချစ်ဖို့ကောင်းပြီး သူမကလည်းမင်းကို သဘောကျတာကြောင့် မင်းကိုတွေ့ချင်နေတာပါ ၊ မင်းက သူ ခေါင်းကိုက်တာကို တကယ်ကု‌နေဖို့မဟုတ်ဘူး။ မင်းကိုယ့်ပုံစံလေးနဲ့ကိုနေပြီး သူမနှင့် သဘာဝကျကျ ဆက်ဆံ‌ပေးဖို့ပဲ လိုတယ်။ အဖွားခေါင်းကိုက်တာက မင်းတာဝန်မဟုတ်ဘူး။ ဒီတိုင်းအဖွား နေမကောင်းဖြစ်ချိန် မင်းအကြောင်းပဲ တွေးနေမိတာမို့လို့ မင်းအဲဒီမှာရှိ‌နေရင်ကို သူ့မအတွက် သက်တောင့်သက်သာနဲ့ အဆင်ပြေနေမယ်"

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now