အပိုင်း-၁၀၄: ပထမဆုံးကောလိပ်စတက်တဲ့နေ့

1.3K 174 0
                                    

UNICODE

Translator- HMM Editor- Aster

"သူတို့ကို မိုမိုက ဘယ်လိုပြန်လုပ်လိုက်သလဲဆိုတာ မင်းတွေ့လား။ မိုမို လှည့်စားလိုက်တာကို သူတို့သိပေမယ့် သူတို့ ချီးကျူးဂုဏ်ပြုနေရတာ.....။ဘယ်လောက်တောင် ကြည့်လို့ကောင်းလိုက်သလဲ!"ထန်းဝမ်စစ်က ကျေကျေနပ်နပ်ကြီး ထပ်ပြောလိုက်သည်။

ဒါပေမယ့် ထန်းဝမ်စစ်က မပြောရဲတဲ့အရာကတော့ ရှုမင်ကျန်းသာ တုံးတိတိမဟုတ်ပဲ ထန်းမိုရဲ့ အရည်အချင်းတစ်ဝက်လောက်ရှိမယ်ဆိုရင် သူမအမေအိမ်မှာရှုမင်ကျင်းရဲ့တစ်ချိန်လုံး အနိုင်ကျင့်ခံရမှာ မဟုတ်ကြောင်းသာဖြစ်၏။

ဒါပေမဲ့ ထန်းဝမ်စစ်က ရှုမင်ကျန်း ရဲ့ တုံးအသည့်စိတ်လေးကိုပဲ သဘောကျလေ‌သည်။

ရှုမင်ကျန်း သည် သူမ၏ ထုံးစံအတိုင်း သူမရဲ့ တုံးအသည့်ပုံလေးနှင့်ပင်နေသင့်သည်။

သူမအတွက် သူနဲ့ သူ့သားသမီးတွေ ရှိနေတုန်းပဲလေ......

...

သို့သော်လည်း ထန်းမိုသည် သူမ၏ မိဘများနှင့် ညီအစ်ကိုများကို ဂုဏ်ယူပျော်ရွှင်အောင် အမှတ်ပြည့် ရတဲ့ထိဖြေခဲ့သော်လည်း၊ နောက်ပိုင်း သူတို့ကို စိုးရိမ်ရမည့် ကိစ္စက ချက်ချင်း ပါလာသည်။

"မိုမိုက တက္ကသိုလ်တက်ရင် ကျောင်းဝင်းထဲမှာပဲ နေရမှာ..." ဒါကိုပြောတဲ့အခါ ထန်းကျင်းရီ က စိတ်ပျက်လက်ပျက် ပုံစံကိုမထိန်းနိုင်ခဲ့‌ပေ။

"ကျောင်းဝင်းထဲမှာ မနေလို့ မရဘူးလား။ ငါတို့အိမ်က ကျောင်းနဲ့ သိပ်မဝေးဘူး၊ ပြီးတော့ သင်ခန်းစာတွေကလည်း အဲ့လောက်မများဘူးလေ ငါ ပြောတာဟုတ်တယ်မလား" ထန်းဝမ်စစ်က အစပိုင်းအရမ်းစိတ်မပူသေးပေ။

"ဘေဂျင်းတက္ကသိုလ်က သူတို့ရဲ့ ပထမနှစ်နဲ့ ဒုတိယနှစ် စာသင်နှစ်တွေမှာ ကျောင်းသားတွေက အဆောင်နေဖို့ လိုတယ်။ သူတို့ရဲ့ ဒုတိယနှစ်ပြီးတော့မှ အဆောင်ပြင်ပမှာ နေဖို့ လျှောက်လို့ရတာ" ထန်းကျင်းချီက ရှင်းပြလာသည်။

"ဒါ့အပြင်၊ တရုတ်နိုင်ငံမှာ နံပါတ်တစ်အဆင့်ဖြစ်တဲ့ ဘေဂျင်းတက္ကသိုလ်လို တက္ကသိုလ်တွေက ပြိုင်ဆိုင်မှု ပြင်းထန်တယ်။ စာသင်ချိန်တွေကို စိတ်ပါလက်ပါသိပ်မသင်ဘဲ သူရဲ့တက္ကသိုလ်ကျောင်းသားဘဝကို အချိန်ဖြုန်းပြီးအလေလိုက်နေလို့ မရဘူး။ ဘေဂျင်းတက္ကသိုလ်မှာက ဒီလောက်မလွယ်ဘူး။ လူတိုင်းက အတန်းပြီးရင် နေ့တိုင်း စာကျက်တယ်။"

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now