အခန်း ၁၅ : ငယ်ရွယ်တယ် ဩဇာရှိတယ်

3.7K 567 10
                                    

UNICODE

လီရှန်းရုန်နဲ့ရှုမင်းကျန်းတို့ အနည်းငယ်စကားပြောပြီးနောက် လီရှန်းရုန်က ဝေကဲလီကို ပြန်ခေါ်သွားသည်။ သူမထိုင်တဲ့နေရာကို ပြန်ရောက်တော့ လီရှန်းရုန် စကားမပြောနိုင်ဘဲ သက်ပြင်းသာချမိသည်။

ထန်းမိသားစုက ဝေကဲလီနှင့်ထန်းမိုကို ငယ်ချစ်ဦးအဖြစ်သတ်မှတ်သည့်အကြံကို ဖယ်ပစ်ပြီး အနာဂတ်မှာလည်း အတူတူပေးရှိတော့မှာ မဟုတ်တော့ဘူးဆိုတာ သူမသိသည်။

လီရှန်းရုန်၏နှလုံးသားထဲတွင် နှမြောသည့်စိတ်တွေပြည့်နေသည်။ ထန်းမိုက ချွေးမဖြစ်ဖို့ အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။ သူမလေး၏အကြောင်းအကုန်လုံးကို သူမသိသည်။ အရေးကြီးဆုံးက မိသားစုနှစ်စုက ကောင်းမွန်သည့် ဆက်ဆံရေးရှိသည်။ ထန်းမိုက မိသားစုထဲမှာ အချစ်ခံရတဲ့ တစ်ဦးတည်းသော သမီးဖြစ်သည်။

အဲဒါကြောင့် အစထဲက ထန်းမိသားစုက ဝေကဲလီကို အာရုံစိုက်ခဲ့ကြတာဖြစ်သည်။ ဘာကြောင့်လဲဆိုတော့ သူတို့နှစ်ဦးကလည်း တစ်ဦးကိုတစ်ဦးသိကြပြီး မိသားစုနှစ်စုကလည်း ရင်းနှီးကြသည်။ ထန်းမိသားစုက ထန်းမိုကို သူတို့နဲ့ဆို စိတ်ချသည်။

လီရှန်းရုန်လည်းပဲ စဉ်းစားချင့်ချိန်နေသည်။ သူမနှင့်ရှုမင်းကျန်းရဲ့ သူငယ်ချင်းဆက်ဆံရေးကို အသာထား သူမရဲ့မိဘတွေနှင့် သူမအစ်ကိုသုံးယောက်ရဲ့ အလိုလိုက်ချစ်မြတ်နိုးမှုကို ကြည့်ရုံနှင့်တင် အနာဂတ်မှာ ထန်းမိုရဲ့ ခန်းဝင်ပစ္စည်းတွေက သေချာပေါက်အများကြီးဖြစ်မှာသေချာသည်။

မိသားစုကြီးတွေထက်တောင် သေချာပေါက် များမှာဖြစ်သည်။ မိသားစုက ကြီးလေ ကလေးများလေ သမီးလုပ်တဲ့သူက သူမအတွက် လိုအပ်သလောက်ရမှာမဟုတ်ပေ။ ဒါပေမယ့် ထန်းမိုကျ ကွာခြားသည်။ ဝေကဲလီသာ အနာဂတ်မှာ အခက်အခဲကြုံခဲ့ရင် ထန်းမိုရဲ့အစ်ကို သုံးယောက်က ဘေးကနေကြည့်နေမှာမဟုတ်ဘူး။ ဝေကဲလီက ဝေမိသားစုမှာမွေးသည်ဆိုသော်လည်း မျိုးနွယ်စုမှာက ကလေးတွေများသည်။ အနာဂတ်မှာ ဝေမိသားစုက ဝေကျီချင်နှင့် သူ့ကလေးတွေသာ ပိုင်ဆိုင်မှာဖြစ်သည်။ အဲဒါကြောင့် ဝေကဲလီအလှည့်ကို ရောက်လာမှာမဟုတ်ပေ။

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now