အပိုင်း ၆၅ - သူက ဘယ်လိုလုပ်ကောင်လေး ဖြစ်သွားရတာလဲ?

2.4K 357 3
                                    

Translator- HMM Editor- Aster

UNICODE

မင်ယဲ့ချင် လာတိုင်ပင်တုန်းက သူမ ဘယ်လောက်တောင်လန့်သွားရလဲ ဘုရားသခင်သာသိနိုင်မည်။

သူမဘေးက ပါရမီရှင်တွေကိုချစ်ဖို့ သူမမှာ ဘယ်လောက်တောင် သတ္တိရှိဖို့လိုနေသလဲ...!!!!!

ပါရမီရှင်တွေ ဝန်းရံထားရတဲ့ ခံစားချက်က တကယ့်ကို စိတ်ဖိစီးရသည်။

"မဆွဲနဲ့!!!!!" မင်ယဲ့ချင်က ချင်မုယဲ့၏လက်ကောက်ဝတ်ကို ကိုင်ထားရင်း ပြုံးကာ ဆံပင်များကို သူမ၏လက်မှ လွှတ်လိုက်သည်။ "မင်းက တုံးနေတာဘူး၊ ငါတို့က ဉာဏ်ကောင်းလွန်းတာ။"

"ငါ့ကို နှစ်သိမ့်စရာမလိုပါဘူး" ချင်မုယဲ့က မင်ယဲ့ချင်ကို စိတ်ပျက်လက်ပျက် ကြည့်နေသည် ။

"အိုး၊ ချင်မုရှောင်း ကို ကြည့်စမ်း... နင်က အထက်တန်း ပထမနှစ် ရောက်နေပြီ၊ သူက အလယ်တန်း တတိယနှစ်ပဲ ရှိသေးတယ်‌လေ။" ထန်းမိုက သတိပေးသည်။

"ဟားဟားဟား!" ချင်မုယဲ့ သည် ယခုပျော်နေသည်၊ "နင်မသိ‌သေးဘူးနော်၊ ချင်မုရှောင်း က ဒုတိယတန်းတက်တုန်းက စာမေးပွဲကျသွားတာ ငါ အရမ်းပျော်တယ်။"

ချင်မုရှောင်း သည် ထန်းမိုကို စာခိုးချသည်ဟု စွပ်စွဲခဲ့ပြီး အမှတ်များစွာ နှုတ်ခိုင်းခဲ့သည်။

ထို့အပြင်၊ ပထမတန်း၏ပထမနှစ်ဝက်တွင် ချင်မုရှောင်း ၏ အမှတ်များသည်မကောင်းဘဲ၊ နောက် စာသင်နှစ် အမှတ်များသည်လည်း အောင်ရုံမျှသာ ဖြစ်သောအခါ သူမ၏နေ့စဉ်ရမှတ်များ အလွန်နည်းသောအချိန်တွင် သူမမခံနိုင်တော့ပေ။

ဒါကြောင့် သူမဒီအတန်းသာ၊ ရှက်ရှက်နှင့်ပြန်တက်ရခြင်းဖြစ်တော့သည်။

ထိုသို့ အတန်းတူမဟုတ်‌သောအခါ ချင်မုယဲ့ နှင့် ထန်းမို သည် ချက်ချင်းနား‌အေးသွားသည်။

ယခု သူမတို့နှစ်ဦးက ကျောင်းမတူ‌ တော့သော်လည်း သူမတို့ဆက်ဆံရေးမှာ အမြဲတန်းပြတ်နေမည်မဟုတ်ပေ။

"ကောင်းပြီ၊ ငါက ဉာဏ်ကြီးရှင်တစ်ယောက်မဟုတ်ပေမယ့် ငါက မတုံးဘူး၊ ငါ့ဉာဏ်ရည်ဉာဏ်သွေးက ပုံမှန်ထက်တော့သာပါတယ်။" ချင်မုယဲ့ ၏ စိတ်သည် မကြာမီ သူ့အလိုလို သက်သာလာကာ "အချိန်တန်ရင် ငါ နင်တို့ကို ရှာဖို့ ဘေဂျင်းတက္ကသိုလ်ကို ပဲလာမယ်"

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now