အခန်း ၅၂

2.3K 337 1
                                    

UNICODE

Translator – Th/ Editor- Aster

လက်ရှိစာမေးပွဲရလဒ်သည် အလွန်အရေးကြီးသည်မှန်သော်လည်း တစ်စုံ‌တစ်ယောက်က ဒီတစ်ကြိမ်မှာကောင်းကာင်းမလုပ်နိုင်ရင်တောင်မှ နောက်နှစ်ဝက်စာမေးပွဲမှာ သေချာကြိုးစားပြီးဖြေမယ်ဆိုရင် အဲ့ဒီက ရတဲ့ရမှတ်နဲ့ ပျမ်းမျှအမှတ်ပေါင်းတွက်လိုက်တဲ့အခါ အမှတ်ကောင်းကောင်းရနိုင်သေးသည်။

ထိုကြောင့် ပျမ်းမျှအမှတ်‌ေပါင်းကို အခြေခံပေမဲ့လည်း တချိုကျောင်းသား‌ေးတွကတော့ အရမ်းကို စိုးရိမ်နေဆဲပင်ဖြစ်သည်။ ‌ေနာက်ဆုံးမှာ‌ေတာ့ ဒီစာမေးပွဲကရလဒ်က ကောင်းမွန်လေ သူတို‌အတွက် ပို‌စိတ်ချရ‌ေလဖြစ်သည်။

ဒါပေမဲ့ ထန်းမိုကတော့ သူတိုလို မဟုတ်ဘူးဖြစ်သည်။
ထန်းမိုသာ ဒီစာမေးပွဲကိုအောင်မြင်လျှင် သူမက ပထမတန်းရဲ့နောက်နှစ်ဝက်ကိုကျော်ပြီး တတိယတန်းရဲ့ နောက်နှစ်ဝက်ဆီကို တိုက်ရိုက်တက်လိုရပြီဖြစ်သည်။

ဒါကြောင့်မို ဒီအမှတ်စာရင်းက ထန်းမိုအတွက်တော့ အရမ်းကိုအရေးကြီးတာဖြစ်သည်။
ထန်းမိုက ဉာဏ်‌ရည်မြင့်တဲ့သူဖြစ်တာကြောင့် စာ‌ေမးပွဲရလဒ်နဲ့ပတ်သက်ပြီး သူမကလုံးဝယုံကြည်မှုအပြည့်နှင့်ဖြစ်သည်။

သင်္ချာနဲ့ ပတ်သက်ပြီး ယုံကြည်မှုသိပ်မရှိတဲ့အပြင် တရုတ်စာရဲ့စာစီစာကုံးရမှတ်ကိုလည်း မခန့်မှန်းနိုင်ပေမဲ့ တခြားဘာသာတွေမှာတော့ အမှတ်ပြည့်ရနိုင်မယ်ဆိုတာ သူမသေချာသည်။

ဒါပေမဲ့ သူမရဲ့မိဘတွေနှင့် သူမရဲ့အကိုတွေကိုတော့ အခုထိ မပြောရသေးဘူး ဖြစ်သည်။
သူမက သူတိုတွေကို မျှော်လင့်ချက်အကြီးကြီးပေးမိမှာ စိုးရိမ်သည်။ တကယ်လို သူတိုတွေ စိတ်ပျက်သွားခဲ့ရင်ရော?

ဒါကြောင့် ထန်းမိုက စာမေးပွဲမှာ သူမကောင်းကောင်းလုပ်ခဲ့ပြီး သူမ ကျိန်းသေပေါက် စာမေးပွဲအောင်မယ်လိုသာ ပြောလိုက်သည်။

အဲ့လိုပြောထားတာတောင်မှ အမှတ်စာရင်းမထွက်သေးမချင်း ထန်းဝမ်စစ် နှင့် ရှုမင်ကျန်း တိုနှစ်ယောက်လုံး အလွန်အမင်းကိုစိုးရိမ်နေကြသည်။
ထန်းမို အဆင့်ကောင်းကောင်း မကောင်းကောင်း သူတိုဂရုမစိုက်ပေ။ အဆုံးမှာ သူတိုက ထန်းမိုကို သူမတစ်ဘဝတစ်လျောက်လုံး မင်းသမီးတစ်ပါးလို ပျိုးထောင်ဖို စီစဉ်ထားပြီးသားဖြစ်သည်။

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now