အပိုင်း-၁၃၄ (တစ်ခုပေးခြင်း)

561 78 0
                                    

UNICODE

Translator- HMM Editor- Aster

ပါမောက္ခတန်သည် ဒါရိုက်တာနှင့် ပုဂ္ဂိုလ်ရေးအရ ပတ်သက်မှုရှိသောကြောင့် သူ(ပါမောက္ခတန်) သည် သူ့အပေါ် အကြွေးတင်နေသေးသော်လည်း ၎င်းသည် ပို၍ တန်းတူညီမျှသည့် လဲလှယ်မှုတစ်ခု ဖြစ်လိမ့်မည်။

သူမသည် ကျေးဇူးကိုပြန်ဆပ်ရန်အတွက် ပါမောက္ခတန်၏အဖွဲ့အား နောက်မှ ထောက်ပံ့ကြေးများများရအောင် လုပ်ပေးတော့မည်။

ပါမောက္ခကု "..."

အဖိုးကြီးတန်ကတော့ အမြဲ ဉာဏ်နီဉာဏ်နက်များတာပဲ။
သူကရော ဘာလို့ ဒီအကြံကို မတွေးမိခဲ့တာလဲ?

"ထန်းမို ဆရာရောပဲ..." ပါမောက္ခကုက ပြောလာသည်။

ထန်းမိုက သူ့အား တောက်ပသော မျက်လုံးများဖြင့် လှမ်းကြည့်ကာ မေးလာသည်။ "ပါမောက္ခကု ဆရာရော ဂီတပညာရှင်မဟုတ်ရင် ပန်းချီဆရာတွေ သိလား? သာမန်ဂီတပညာရှင်တော့ အလုပ်မဖြစ်ဘူး။ သူတို့တွေက သူတို့ရဲ့ ဖန်တီးမှုတွေအတွက် ဂုဏ်ယူပြီးတော့ ဆရာတွေတော့ မဖြစ်လာနိုင်ဘူး"

ဒါက ရုပ်ရှင်ဒါရိုက်တာတွေဆီကနေ သင်ယူတာကနေ မတူညီပေ။

"ပြီးတော့ သမီးရဲ့ ဒုတိယအစ်ကိုက အရမ်းအရည်အချင်းရှိတော့ သာမန်လူလောက်က သူ့ကို သင်ပေးလို့မရဘူး" ထန်းမိုက ပြောလာသည်။ "ပန်းချီဆရာအတွက်တော့ လိုအပ်ချက်တွေ အများကြီးမလိုပါဘူး။ ဒုန်ယန်ကျန်းအဆင့်လောက်ဆိုရပါတယ်" ထန်းမိုက ပါမောက္ခကုကို မျှော်လင့်ချက်ဖြင့် ကြည့်နေသည်။

ပါမောက္ခကု: "..."

ဒါက ဟောင်ယွဲ့ဟိုင်အကြောင်းပြောလိုက်တဲ့ အဖိုးကြီးတန်ရဲ့အမှားတွေပဲ။ အဲဒါကြောင့် ကလေးမလေးက မျှော်မှန်းချက် အကြီးကြီးရှိသွားပြီ။
သူမက ဒုန်ယန်ကျန်းအဆင့်လောက်လူကို မျှော်လင့်နေသည်။
သူက အဲ့လိုလူကို ဘယ်မှာသွားရှာမလဲ?

"မှင်ဆေးပန်းချီပညာရှင်တစ်ယောက်ကိုတော့ ဆရာသိတယ်။ သူက ဒုန်ယန်ကျန်းအဆင့်ပဲ ဒါပေမယ့် သမီးရဲ့ တတိယအစ်ကိုက ဆီဆေးလေ့လာနေတာ" သူတို့နယ်ပယ်က မတူပေ။

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now