အခန်း ၇၆: ဝေကျီချင်က ထန်းမိုကိုလက်မောင်းထဲ ပွေ့ဖက်ထား

2.4K 333 8
                                    

Translator- Th Editor- Aster

UNICODE

ဝေကျီချင်ကအံကိုတင်းတင်းကြိတ်ထားကာ လွှတ်မပေးပေ။

ဆရာဝန်လည်း ဆွံ့အသွားသည်။သူကဆရာဝန်လေ။ဘယ်လိုလုပ်ပြီး သူကလူနာပေါ်ကိုအခွင့်အရေးယူလိမ့်မယ်လို့ ဒီကောင်လေးကထင်နိုင်ရတာလဲ။?

ပြီးတော့ ဒီကောင်မလေးက အရွယ်ရောက်ပြီးသားတောင် မဟုတ်ပေ။သူ့ကိုသားရိုင်ကောင်လို့များ သူကတကယ်ကြီးထင်နေတာလား။?

"ကျေးဇူးပြုပြီး ဒီကိုအမျိုးသမီးဆရာဝန်တစ်ယောက်ခေါ်ပေးပါ"ဝေကျီချင်က အလေးအနက်တိုက်တွန်းလိုက်သည်။

ဆရာဝန်ဆီမှာ ဘယ်လိုဆိုးညစ်တဲ့ရည်ရွယ်ချက်မှမရှိဘူးဆိုတာ သူအမှန်တကယ်နားလည်တာပေါ့။ ဒါပေမဲ့ သူဒီမှာရှိနေတာက မသင့်‌လျော်သလိုမျိုး ဝေကျီချင်ကဒီတိုင်းပဲ ခံစားမိလို့ဖြစ်သည်။

ဆရာဝန်ပေါက်ကွဲတော့မှာကိုမြင်တော့ အိမ်တော်ထိန်းကျိုးက အလျင်အမြန်ပဲသူ့ကိုပြောလိုက်သည်။"ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့။သခင်လေးဝေက ဆရာရဲ့ဆေးပညာဆိုင်ရာကျင့်ဝတ်ကို မေးခွန်းထုတ်တာ မဟုတ်ရပါဘူး။ သူကသူ့တူမလေးကို ငယ်ငယ်တည်းက ပိုးမွေးသလိုမွေးလာတာကြောင့် ဆရာမှမဟုတ်ပါဘူး။ သူမ၆နှစ်အရွယ်တည်းကတောင်မှ သူမရဲ့ယောင်္ကျားလေးအတန်းဖော်‌တွေနဲ့ သူမကိုလမ်းတူတူမလျောက်ခိုင်းဘူး။"

ဆရာဝန်: "..."

အစတုန်းကတော့ ဆရာဝန်က ဝေကျီချင်က ဘာထဖောက်တာလဲလို့ ပြောချင်တာဖြစ်သည်။

ဒါပေမယ့်လည်း အိမ်တော်ထိန်းကျိုးရှင်းပြတာကို နားထောင်လိုက်ရတော့ သူလည်းစိတ်ငြိမ်သွားပြီဖြစ်လို့ သူလည်းမတတ်သာစွာနဲ့ပြောလိုက်သည်။ "ကျွန်တော်အမျိုးသမီးဆရာဝန်ခေါ်လာခဲ့ပေးမယ်"'

"ကျေးဇူးတင်ပါတယ်"အိမ်တော်ထိန်းကျိုးက စိတ်သက်သာရစွာနဲ့ ပြောလိုက်သည်။

ဆရာဝန်ထွက်သွားလိုက်ပြီးနောက် အိမ်တော်ထိန်းကျိုးက အားအင်ကုန်ခန်းမှုကြောင့် သက်ပြင်းချလိုက်သည်။

ဝေကျီချင်အတွက်အလုပ်လုပ်ရတာက တကယ့်ကိုအလွန်အမင်းခက်ခဲပင်ပန်းရသည်။

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now