Chapter 110: ဟန်လုပ်နေတာပါ

1.1K 158 1
                                    

Translator- Th Editor- Aster

UNICODE

ထန်းမိုက သူမအဖေပြောတာကို ခေါင်းညိမ့်သဘောတူကာ သူတို့တွေပြန်သွားတာကို မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည့်တိုင် ကြည့်နေသည်။

ပြီးတာနှင့်မင်ယဲ့ချင်နဲ့အတူ အိပ်ဆောင်တွေဆီသူမပြန်လာခဲ့သည်။

...

မနက်ဖြန်ကျလျှင် ထန်းမိုနှင့်အတူ တခြားသူများလည်း အတန်းသွားတက်ဖို့လိုသည်။ စစ်သင်တန်းမစခင်မှာ အတန်းဖော်တွေ တစ်ယောက်နှင့်တစ်ယောက်ရင်းနှီးစေဖို့ ရည်ရွယ်တာဖြစ်သည်။

ကျင်းယွဲ့လင် နဲ့ မုန့်ယွီရှီက အရင်ဆုံး သူတို့နဲ့အတူအတန်းသွားတက်ဖို့ ထန်းမိုကိုမေးလာပြီး နောက် လင်းဖူရှီကလည်းနောက်မှလိုက်လာသည်။

အတန်းထဲရောက်တော့ ထန်းမိုက ထိုင်ဖို့တစ်နေရာရှာပြီး‌နောက် လူတွေ သူတို့ကိုယ်သူတို့မိတ်ဆက်နေတာကို ထိုင်ကြည့်နေသည်။

"ငါတော့ မြို့တော်Bက လစ်ဘရယ်အနုပညာက ထိပ်ဆုံးကျောင်းသားကလည်း ဘေကျင်းတက္ကသိုလ်မှာပဲ တက်မယ်လို့ကြားတယ်။သူဘယ်မေဂျာရွေးမလည်းဆိုတာ ငါတော့သိချင်သား"

"တရုတ်စာပေများဖြစ်နိုင်လောက်လား?" တစ်ချို့တွေက ခန့်မှန်းနေကြသည်။ "အဆုံးကျတော့ သူမရဲ့ရှေးဟောင်းတရုတ်စာစာစီစာကုံးက တကယ့်အံ့ဖွယ်ပဲဟာ"

"သူမနာမည်က ဘာလည်းငါမသိဘူး။မီဒီယာတွေကလည်း သူမကမိန်းကလေးဆိုတာကလွဲလို့ သူ့နောက်ဆုံးနာမည်လေးကိုတောင် မဖော်ပြခဲ့တာက အတော့်ကိုထူးဆန်းတယ်"

အဲ့အချိန်မှာပဲ ကောင်လေးတစ်ယောက်ကတိတ်တဆိတ်နဲ့ရှက်နေပုံပေါ်တဲ့ လင်းဖူရှီကိုတွေ့သွားပြီး အရင်ဆုံးလာမိတ်ဆက်သည်။ "ဟယ်လို ငါ့နာမည်က ကောင်းထိုက်လိုင်ပါ။ ငါက ကျောင်းပင်းပြည်နယ်ကလာတာ"

"ငါ့နာမည်က လင်းဖူရှီပါ။ ငါလည်း ကျောင်းပင်းပြည်နယ်ကပဲ" လင်းဖူရှီက လေတိုးသံလေးနှင့်ပြောသည်။

"ဝိုး ဒါဆိုငါတို့နှစ်ယောက်ရဲ့မွေးရပ်မြေက နီးနီးလေးပဲ‌နေမှာပဲ" ကောင်းထိုက်လိုင်က အံအားတကြီးနှင့် လေးစားမှုတစ်ချို့တစ်ဝက်ဖြင့် ပြောလာသည်။ "ငါတို့ဇာတိမြို့တွေက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲရဲ့ နောက်ဆုံးပိတ်ဖြတ်ချတဲ့အမှတ်က အတော်လေးမြင့်တဲ့အထဲပါတယ်နော်"

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now