Chapter 123: ဒါပေါ့ မင်းအတွက် မပါဘူးလေ

774 101 1
                                    

UNICODE
Translator- Th Editor- Aster

" မိုမို နင်ဝေကျီချင်နဲ့‌ကောင်းကောင်းရင်းနှီးတာလား?" မုန့်ယွီရှီက ကျင်းယွဲ့လင်ထက် အနည်းငယ်ပို၍တည့်တိုးဆန်တာကြောင့် သူမကိုတိုက်ရိုက်မေးမြန်းလာသည်။

ဝေ့ကဲလီကိုတော့လား သူတို့ကသူ့ကိုအာရုံပင်မရှိချေ။

သူကဝေကျီချင်၏တူဖြစ်နိုင်လောက်ပေမဲ့ သူတို့သူကိုစတွေ့တည်းက သူရဲ့မရိုးသားသည့် ကိုယ်ကျင့်တရားကြောင့် သူတို့က သူ့ကိုစိတ်မဝင်စားတော့ဖြစ်သည်။

ဝေကျီချင်ရှိနေတာကြီးကို ဘယ်သူကများဝေ့ကဲလီကိုသွားအဖက်လုပ်ပါ့မလည်း?

"အင်း" ထန်းမိုကပွင့်ပွင့်လင်းလင်းဝန်ခံလိုက်သည်။

"နင်နဲ့ဝေကျီချင်နဲ့ဘယ်လိုသိတာလဲ? နင်ကသူ့ကိုအန်ကယ်လေးလို့တောင်ခေါ်တယ်ဆိုတော့" လင်းဖူရှီက သူမရဲ့သိချင်စိတ်ကို ထိန်းမထားနိုင်တော့ပေ။ "ဒါပေမယ့်နင်တို့နှစ်ယောက်ရဲ့မျိုးရိုးနာမည်က မတူဘူးရော"

"အမဖူရှီ အမကညီမရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကို စုံစမ်းနေတာလား?" ထန်းမိုပုံစံလေးကရိုးသားပြီးအန္တရာယ်ကင်းပြီးပေါ်လေသည်။

တခြားလူတွေရဲ့ အတွင်းရေးကိစ္စတွေကိုစုံစမ်းတာက မယဉ်ကျေးရာရောက်လေသည်။

လင်းဖူရှီက သူမလက်‌တွေကိုအချင်းချင်းဖျစ်ညှစ်လိုက်ပြီး ပြောသည်။ "ငါကဒီတိုင်းသိချင်လို့မေးမိတာပါ။ ငါက နင့်ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကို စုံစမ်းဖို့မရည်ရွယ်ပါဘူး"

သို့ပေမယ့်သူမအတော်လေးကိုသိချင်နေတာဖြစ်သည်။
ထန်းမိုက ဝေ့ကဲလီကိုလည်း အစ်ကိုကဲလီ လို့ ခေါ်သေးတာလေ။

အခုတော့ မုန့်ယွီရှီနဲ့ ကျင်းယွဲ့လင်ကလည်း သိချင်တာ‌တွေဆက်မေးဖို့ ရှက်သွားကြသည်။

မမျှော်လင့်စွာနဲ့ ထန်းမိုက ကျင်းယွဲ့လင် နဲ့ မုန့်ယွီရှီတို့ရဲ့လက်ကိုကိုင်ကာ ပြောလာသည်။ "အမှန်တော့ ဒါတွေက ဖုံးကွယ်ထားဖို့လိုတဲ့ အရာတွေတော့လည်း မဟုတ်ပါဘူး။ အမယွီရှီ နဲ့ အမယွဲ့လင်က ညီမအပေါ် အရမ်းကောင်းတာကို ဒီတော့ညီမလျှို့ဝှက်ထားဖို့ဘယ်လိုမလဲ?"

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now