Chapter 125: နင်ဘယ်လောက်ဘဲ အသက်ရှည်ရှည် ငါနင့်ကိုဆုတ်ဖြဲပစ်မှာ။

890 101 0
                                    

UNICODE
Translator- Th Editor- Aster

အစ်ကိုကဲလီကအရူးဟူ၍ပင်။

သူမ သူ့ကို အစ်ကိုကဲလီလို့ ခေါ်လိုက်တိုင်းမှာ သူမ သူ့ကို တကယ်ခေါ်လိုက်တာကတော့ အရူးဟူ၍ပင်!

ဝေ့ကဲလီ:"..."

ထန်းမိုက ဒီနာကျည်းစရာအတိတ်တွေကြောင့် သူ့အပေါ်အမှန်အကန်ကို အဃာတထားနေ‌တာတော့ မဟုတ်လောက်ပါဘူးနော်?

ပြောတာကို နားထောင်ကြည့်ရသလောက်တော့ သူမက သူ့‌အပေါ်နားလည်ပေးလာခြင်းပေမဲ့ အဲ့ဒါကဘာလို့များ သူ့စိတ်ထဲမယ် ကသိကအောက်ဖြစ်နေရတာလဲ?

"အစ်ကိုကဲလီ အနာဂတ်မှာ ညီမကိုစောင့်ရှောက်ပေးဖို့အတွက် အစ်ကိုစိတ်ရှုပ်ခံမနေပါနဲ့" ထန်းမိုက မသိမသာလေးနောက်ဆုတ်လိုက်ကာ သူမပခုံးပေါ်မှာပဲရှိနေသေးသည့် ဝေ့ကဲလီလက်ကို သူမခါထုတ်လိုက်သည်။

သူမလက်တွေကို ရင်ဘတ်အရှေ့မှာထားကာ ယုံကြည်လို့ရသည့် အမူအရာဖြင့် "လက်ရှိအစ်ကို့ရဲ့အခက်အခဲတွေကိုလည်း ညီမသိ‌နေမှတော့ အစ်ကို့အတွေးတွေကို ညီမနားလည်‌ပေးနိုင်တယ် တကယ်!"

ထန်းမိုက ရိုးသားဖြူစင်စွာ ပြုံးပြလိုက်လေသည်။သူမရဲ့မျက်လုံးဝိုင်းကြီးတွေက ဖြူဖြူစင်စင်‌လေး တောက်ပရွန်းစိုနေတာကြောင့် ဝေကဲလီက ထိုမျက်ဝန်းတွေနှင့် အကြည့်ချင်းမဆုံရဲတော့ပေ။

ထန်းမိုက ဝေ့ကဲလီ သူမကိုမယုံမှာစိုးတာကြောင့် သူမကသူ့ကို ဒီ့ထက်ပိုပြီး မမှိတ်မသုန်စိုက်ကြည့်ကာ သူမမျက်ဝန်း‌တွေထဲက ရိုးသားဖြူစင်မှုကို သူမြင်အောင်ကြည့်စေလေသည်။

"တကယ်လား?" ကိစ္စတွေက ဒီလိုမျိုးအဆင်ပြေပြေပြီးသွားမယ်လို့ ဝေ့ကဲလီက မထင်ထားပေ။

ထန်းမိုက သူ့အပေါ်‌ တော်တော်လေးစစ်မှန်စွာ နားလည်ပေးခဲ့သည်။

ဝေ့ကဲလီကအံ့ဩသွားခဲ့ပြီး ထန်းမိုကိုကျေးဇူး တင်စွာဖြင့်ကြည့်လာသည်။

ထန်းမိုက အလေးအနက် ခေါင်းညိမ့်ပြလိုက်သည်။
ထန်းမိုကို မသိတဲ့လူဆိုရင်တော့ သူမကိုရိုးအပြီးရူးနေတယ်လို့သာ ထိုလူက ထင်မိမှာဖြစ်သည်။

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now