အခန်း ၅၅

2.4K 313 11
                                    

UNICODE

Translator – Th Editor - Aster

ချင်မုရှောင်းက ခေါင်းမော့ပြီး သူမရှေ့က အရပ်ရှည်ပြီး သွယ်လျတဲ့ကောင်လေးနှစ်ယောက်ကို ကြည့်လိုက်သည်။

ချင်မုဖုန်းက သူမနဲ့သွေးသားအရတော်စပ်တဲ့ သူမရဲ့တစ်ဝမ်းကွဲဖြစ်သည်။

ဝေကျီချင်က သူမ၏ခဲအိုဖြစ်လာလိမ့်မည်ဟု သူမအမြဲတွေးနေသည့်သူဖြစ်သည်။

ဒီနှစ်ယောက်က ဘယ်လိုအခြေအနေမှာမဆို ကြည့်လိုက်တိုင်းမှာ သူမနဲ့ပဲပိုနီးစပ်နေသင့်တာဖြစ်သည်။
သိုပေမယ့် အခုတော့ သူတိုတစ်ယောက်ချင်းစီတိုင်းက အပြင်လူဘက်မှာနေကြသည်။

ဝေကျီချင်က အတန်းထဲမှာရှိနေသောတခြားကျောင်းသား သီးသန်ဆန်စွာနဲ့ကြည့်လိုက်သည်။ သူ့အသံက မတိုးလွန်းမကျယ်လွန်းတာကြောင့် လူတွေရဲ့ စိတ်ကိုတည်ငြိမ်စေသည်။ "အနာဂတ်မှာ ချင်မုရှောင်းကို ယနေ့ဖော်ထုတ်ခဲ့တဲ့ ဒီငါးယောက်တင်မကဘူး။ ချင်မုရှောင်းဆီကနေ ဗိုလ်ကျခံရတာ၊ခြိမ်းခြောက်ခံရတာ ဒါမှမဟုတ် အတန်းထဲကတခြားလူတွေကို သူမအတွက် မဟုတ်တဲ့ကိစ္စတွေ လုပ်ပေးဖိုခိုင်းလာရင် ချင်မုယဲ့နဲ့ ထန်းမိုဆီကိုသာ သွားပြောလိုက်။"

"သူတိုထဲကတစ်ယောက်ကိုပြောရင် ရပြီ။ မုဖုန်းနဲ့ငါ လာကူညီမယ်။ မင်းတို ထပ်ပြီးစိုးရိမ်စရာ မလိုတော့ဘူး။ ကျောင်းကိုစိတ်ချမ်းချမ်းသာနဲ့လာပြီး စာကြိုးစားသင်ယူလိုရပြီ။"

ချင်မုဖုန်းက ချင်မုယဲ့ကိုသင်ယူနိုင်အောင်လို အတန်းဖော်တွေကို ချင်မုယဲ့ဆီက အကူအညီတောင်းပြီး ချင်မုယဲ့ကိုဖြေရှင်းခိုင်းစေတာသည်။

ဝေကျီချင်က ထန်းမိုကို သင်ကြားပေးဖိုမလိုအပ်ပေ။ ထန်းမိုကချင်မိသားစုလို မိသားစုကြီးမှလာသည်မဟုတ်။ ဒါကြောင့် သူမမှာ ချင်မုယဲ့လိုမျိုး တာဝန်ယူရမည့်အရာများသိပ်မရှိပေ။

သူကတော့ ထန်းမိုမှာဩဇာအာဏာရှိ‌ေကြာင်းကို သက်သေပြချင်လိုပဲဖြစ်သည်။ ဒါမှသာ လူတိုင်းရဲ့အမြင်မှာ ထန်းမိုက သူ့ကို အန်ကယ်လေးလို ခေါ်နိုင်တာတင်မဟုတ်ဘဲ သူမက သူ့လုပ်ပိုင်ခွင့်အာဏာကိုလည်း အသုံးပြုနိုင်ပြီး သူ့ကာကွယ်မှုအောက်မှာရှိတာကို သိစေဖိုဖြစ်သည်။

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now