အခန်း ၄၆

2.7K 379 0
                                    

UNICODE

"ဒါပြီး နောက်ကျရင်လည်း နင်ကူညီမှာပဲလား" ထန်းမိုက ထပ်မေးလိုက်သည်။ "သူမက နင့်ကို ထပ်ပြီး ခြိမ်းခြောက်ဦးမှာပဲလေ"

"ငါ လွတ်လမ်းရှာမှာပါ" လီရှင်းယွန် ပြန်ဖြေလိုက်သည်။

"ငါ့အတွက် အကုန်လုံးကို ငါ့အန်ကယ်လေးကို လုပ်ခိုင်းလို့မဖြစ်ဘူးလေ။ ငါက ကံကောင်းလို့သာ သူက နောက်ခံဖြစ်ပေးတာ။ ပိုပြီးတော့ ငါ မတောင်းဆိုရဲဘူး။ အဲဒါကြောင့် ချင်မုရှောင်းက နင့်ကို ခြိမ်းခြောက်လာရင် နင့်ကို သူကူညီပေးဖို့အတွက် ငါမလုပ်ခိုင်းနိုင်ဘူး"

"ဒါပေါ့ နင်မဟုတ်လည်း တခြားလူက ချင်မုရှောင်းရဲ့ လှည့်ကွက်တွေမှာ ကူညီမယ်ဆိုလည်း ငါ့ဘာသာ ဖြေရှင်းနိုင်တယ်" ထန်းမိုက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

ထန်းမိုက ကြင်နာတတ်ရုံတင်မက အရမ်းယုံကြည်မှုရှိပြီး ထက်မြတ်တယ်လို့ လီရှင်းယွန် ရုတ်တရက် ခံစားလိုက်ရသည်။ ဒါကြောင့်လည်း လူတွေက သူမကို ပိုပြီး သဘောကျတာဖြစ်သည်။

"ငါသိပါတယ်" လီရှင်းယွန်က ပြုံးပြီး ပြောလိုက်သည်။ "ဒီကျောင်းမှာက လူတိုင်းက ကိုယ့်အားကိုယ်ကိုးလို့ပဲရတယ်ဆိုတာ သိကြတယ်။ ကလေးဘဝထဲက ငါတို့ သူတို့ထဲမှာ အရိုးစွဲနေပြီ"

ထန်းမိုက ခဏတွေးပြီး ပြောလိုက်သည်။ "ဒါပေမယ့် စိတ်မပူပါနဲ့ သူမကငါ့အပေါ် မကောင်းတာလုပ်ဖို့ နင်တို့ကိုထပ်ပြီး မခြိမ်းခြောက်နိုင်လောက်တော့ဘူး"

"နင် ဘာကိုကိုဆိုလိုတာလဲ?" လီရှင်းယွန်က အံ့အားတကြီးမေးလိုက်သည်။

ချင်မုရှောင်း ကံမကောင်းတာတစ်ခုခုများ ဖြစ်တော့မှာလား?"အရမ်းကြီးမတွေးနဲ့" ထန်းမိုက ချိုသာစွာပြုံးပြီး ပြောလိုက်သည်။ "ချင်မုရှောင်းအဆင်ပြေမှာပါ။ သူမနဲ့ ဘာမှမဆိုင်ဘူး"

ထန်းမိုပြန်ဖြေသံကို ကြားတော့ လီရှင်းယွန် ပိုပြီး ရှုပ်ထွေးလာသည်။ သို့ပေမယ့် ထန်းမိုကဆက်ပြီး မပြောဘဲ ချင်မုယဲ့ကို ရှာဖို့ ထွက်သွားသည်။ မလှမ်းမကမ်းနေရာမှာ ချင်မုယဲ့က မင်ယဲ့ချင်နဲ့ စကားပြောနေသည်။

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now