အခန်း၂၇- ဝေကဲလီအား ဘတ်စ်ကားအောက်သို့ ထပ်ပစ်ထည့်ခြင်း

3.4K 541 12
                                    

UNICODE

"မမ သူတို့နှစ်ယောက်လုံးက အဲ့လိုတွေဆိုတာ ညီမတကယ်မသိဘူး ဒါပေမယ့်..."

ရှုမင်းကျန်းက ရှုမင်းကျင်းလက်ကို ကိုင်ပြီး သူမကို ဆက်ပြောခွင့်မပေးပေ။ "ဝမ်စစ်နဲ့ဆွေးနွေးပြီးထဲက ငါ ဆုံးဖြတ်ချပြီးပြီ... ပြောင်းလဲခြင်းမရှိတော့ဘူးလို့ နင့်ကိုပြောရတာ နောင်တတော့ရတယ်..ပြီးတော့ ဝမ်စစ်ရဲ့ ကုမ္ပဏီက သူ့ရဲ့ နှုတ်ထွက်တာကို အသိပေးချက်ထားပြီးတာတောင် ကျန်းဝမ်က ပုံမှန်အလုပ်ဆင်းနေမယ်ဆိုရင် ငါ့ယောကျာ်းအပေါ် ဘယ်လို သက်ရောက်လာမလဲ?"

ရှုမင်းကျန်းက ပြုံးပြီး ခွက်ကို ချလိုက်သည်။ "ယွမ်ကျန်းဝမ်က ထန်းယွဲ့မှာ အလုပ်လုပ်ခဲ့တာ နှစ်တွေလည်း ကြာပြီ... ပိုက်ဆံတွေလည်းအများကြီး စုမိထားလောက်တယ်... သူ့ကိုယ်ပိုင်စီးပွါးရေးစတင်ဖို့အတွက် လုံလောက်တာထက်တောင် ပိုနေသေးတယ်"

ရှုမင်းကျင်းလည်း ဘာဆက်ပြောရမှန်းမသိပေ။ သူမသမီးရဲ့အကျိုးအတွက် သူမ အရှုံးမပေးချင်ပေမယ့် သူမ အစ်မကို ထပ်ပြီး အသနားခံလို့မရမှန်း သူမသိနေပြီဖြစ်သည်။

"သူနောက်ဆုံးလုပ်ခဲ့တဲ့ဟာက သူဘယ်လောက်ရည်မှန်းချက်ကြီးလဲဆိုတာ ပြနေတာပဲ... ငါတို့မိသားစုက သူ့ရဲ့ တောက်ပတဲ့အနာဂတ်အတွက် မဆွဲထားချင်ဘူး" ရှုမင်းကျန်းက ယွမ်ကျန်းဝမ်ကို မကျေမနပ်ဖြစ်တာကို ကြိုးစားပြီးတော့တောင် ဖုံးကွယ်ထားခြင်းမရှိပေ။

ရှုမင်းကျင်းက ဒေါသထွက်နေသည်။ သူတို့မိသားစု ဘယ်လိုဖြစ်လာမှာလဲ?

"မမ ကျန်းဝမ်နဲ့ ကဲချင်က ကျေးဇူးကန်းခဲ့ကြတယ်... မမတို့က ဒီနှစ်တွေမှာ ကူညီခဲ့တာတွေကို ညီမ အမြဲကျေးဇူးတင်နေမှာပါ... ညီမငယ်ငယ်ထဲက မမက ကူညီခဲ့တာတွေကို ကျေးဇူးတင်ရုံနဲ့တောင် မလုံလောက်ပါဘူး" ရှုမင်းကျင်းရဲ့ မျက်ဝန်းတွေမှာ မျက်ရည်တွေကပြည့်လာသည်။ သူတို့မိသားစုကို စောင့်နေသည့် မသေချာမရေရာသည့်အနာဂတ်ကို သူမကြောက်နေမိသည်။

ယွမ်ကျန်းဝမ်က ဘယ်အဆင့်မှရှိနေလဲဆိုတာကိုလည်း သူမ ကောင်းစွာသိသည်။ ယွမ်ကျန်းဝမ်အတွက် ဘယ်လိုအနာဂတ်မှာရှိမှာလဲ?

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now