Chapter 37: ထန်းမိုနဲ့သူမရဲ့ထက်ရှသည့်လျှာ

3.4K 472 2
                                    

UNICODE

“အန်ကယ်လေး ကြည့်ပါဦး၊ အဲ့နားမှာ စားပွဲတွေအများကြီးကို သူမသွားမထိုင်ဘူး။သူမ တစ်ယောက်တည်းမစားချင်ရင်လည်း တခြားမိန်းကလေးတွေနဲ့ထိုင်လို့ရတာပဲဟာ။သူတို့ဘေးမှာထိုင်ခုံတွေအများကြီးပဲရှိဟာ”ထန်းမိုက အသေးစိတ်ပြောပြလိုက်သည်။

“ဒါ​ပေမယ့် အဲ့အစား ကောင်လေးနားကိုသွားတယ်​လေ၊ သူမ အဲ့ကောင်လေးကို စိတ်ဝင်စားနေတာ သေချာတယ်။ အဲ့ကောင်လေးမှာ ရည်းစားရှိတာကဆိုးလိုက်တာ”

“မင်းဘယ်လိုသိတာလဲ”ဝေ့ကျီချင်စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။

“သမီးမြင်ခဲ့တယ်။ကောင်မလေးက ​နေ့လည်စာသွားယူ​နေတာ။ ။အဲ့ကောင်လေးမှာ ရည်းစားရှိတာကို သူမသိတယ်။ဒါပေမယ့် သူ့ရည်းစားကောင်မလေးကိုစိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်‌မယ့်ရည်ရွယ်ချက်နဲ့ သူမသွားထိုင်ချင်နေတယ်၊ပြီးရင် ရိုးသားတဲ့ပုံစံဟန်ဆောင်ဦးမယ်။ ဘယ်လောက်တောင် ကောက်ကျစ်လိုက်သလဲ”ထန်းမိုသည် အထင်သေးစွာဖြင့် ခေါင်းခါခဲ့သည်။

“အန်ကယ်လေး အနာဂတ်မှာ ဒီလိုမိန်းကလေးမျိုးတွေကို အာရုံမစိုက်သင့်ဘူး ‘ဒီခုံမှာ လူရှိလား၊ မရှိရင်ထိုင်လို့ရမလား’ လို့လာမေးခဲ့ရင် အဲ့ဒါ သူတို့အန်ကယ်လေးကို စိတ်ဝင်စားနေပြီလို့ အဓိပ္ပာယ်ရတယ်၊ အန်ကယ်လေး သတိထားရမယ်နော်။”

လူတိုင်း သူတို့ကြားခဲ့တာကို မယုံနိုင်ကြဘူး။

ဒီ ခြောက်နှစ်အရွယ် ကလေးမလေးဘာတွေဖြစ်နေတာတုန်း?

ထန်းမိုရဲ့ မှတ်ချက်တွေကို ဝေ့ကျီချင် ဘယ်လိုတုံ့ပြန်ရမလဲမသိတော့ဘူး။

တိုက်ဆိုင်စွာဖြင့် ထန်းမိုပြောပြီးပြီးချင်းမှာ ချင်မုရုန်က ပန်းကန်ကိုင်ပြီးသူတို့စားပွဲနားမှာ လာရပ်ကာ “ဒီခုံမှာ လူရှိလား”

လူတိုင်း သူမကိုကြည့်လိုက်ကြသည်။

ထန်းမိုနဲ့ သူမရဲ့ ထက်ရှသည့်လျှာ……..

“ဟင်အင်း မရှိဘူး”ဝေ့ကျီချင် ပြောလိုက်သည်။
ထန်းမို ဝေ့ကျီချင်ကို မျက်မှောင်ကျုံ့ပြီး ကြည့်လိုက်တယ်။

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now