အခန်း ၁၂- သုံးယောက်ကို တစ်ချက်ထဲနှင့် ရိုက်ချခြင်း

3.6K 549 9
                                    

UNICODE

ထန်းမိုကို အောင်ပွဲခံတဲ့ပုံစံနှင့် သူမမေးကို မော့ကာ ကြည့်လိုက်သည်။ ချင်မုရှောင်းပုံစံက အရမ်းကို မောက်မာတဲ့ပုံစံဖြင့် သူမရဲ့ ကျေးကျွန်က ခယမှာကို စောင့်နေသည့်ပုံပင်။

မထင်ထားစွာနဲ့ ထန်းမိုက အရုပ်ကို ပိုက်ပြီး ထွက်ပြေးသွားသည်။ အကုန်လုံး ကြောင်အသွားသည်။ ချင်မုရုန်နှင့် ချင်မုရှောင်းက ဒီကိစ္စပြီးပြီလို့ ထင်နေတာဖြစ်သည်။ ရုတ်တရက်ကြီး ထန်းမိုက ထွက်ပြေးမယ်လို့ ဘယ်သူက ထင်မှာလဲ?

"သူမနောက်ကိုလိုက်" ချင်မုရုန်က ထန်းမိုထွက်ပြေးတာကို တွေးနေလို့ အနည်းငယ်နောက်ကျသွားသည်။

ဝေ့ကဲလီက ခပ်မြန်မြန်လှုပ်ရှားလိုက်သည်။

ချင်မုရှောင်းနှင့် ယွမ်ကဲချင်က ငယ်သေးလို့ ခြေတံတိုနေတော့ အနောက်မှာ ကျန်ရစ်ခဲ့သည်။ ချင်မုရုန်က ထန်းမိုတစ်ယောက် ဝေ့ကျီချင်ရှိတဲ့ဆီပြေးသွားတာမြင်တော့ ရုတ်တရက်ကြီး စိုးရိမ်လာသည်။

ထန်းမိုက ဝေ့ကျီချင်ကို မဟုတ်တာတွေပြောလိုက်ရင် ကောင်းတာတွေဖြစ်လာမှာမဟုတ်ပေ။ ဝေ့ကျီချင်က သူမကို အထင်တောင်သေးသွားနိုင်သည်။

"မမမုရုန် စိတ်မပူနဲ့" သူမနောက်ကနေ ဝေ့ကဲလီရဲ့ အသံတိုးတိုးထွက်လာသည်။ "မိုမိုက အန်ကယ်လေးနဲ့တစ်ခါပဲတွေ့ဖူးတာ သူနဲ့အရမ်းမရင်းနှီးဘူး"

ချင်မုရုန်က ခဏလောက်ရပ်တန့်သွားပြီး စိတ်သက်သာရာရသွားသည်။ သူမက ဝေ့ကဲလီကို ပြုံးပြလိုက်သည်။ ဝေ့ကဲလီက သူမအပေါ်ကြင်နာပြီး သူမကို သူ့ရဲ့အနာဂတ်အဒေါ်အဖြစ် အသိအမှတ်ပြုသည်။

သူမနှင့် ဝေ့ကျီချင်က မစေ့စပ်ရသေးလို့ ဝေ့ကဲလီအနေနဲ့ သူမကို ဒီလိုခေါ်စရာမလိုဘူး။ ဝေ့ကဲလီက အမြဲ သူမကို မမမုရုန်လို့သာ ခေါ်လေ့ရှိသည်။

ဝေ့ကဲလီရဲ့ အပြုအမူက ချင်မုရုန်ကို အရမ်းပျော်သွားစေသည်။ သူမက ဝေ့ကဲလီ ပုခုံးကို ရင်းနှီးစွာ ပုတ်ကာ ပြောလိုက်သည်။

"ဒီနေ့ကူညီပေးထားတာကို အစ်မ အမြဲ အမှတ်ရနေပါ့မယ်"

ဝေ့ကဲလီက မရင့်ကျက်သေးလို့ သူ့ရဲ့ခံစားချက်တွေကို ထိန်းချုပ်နိုင်ခြင်းမရှိသေးပေ။ သူ့ရဲ့ငယ်ရွယ်တဲ့မျက်နှာမှာ အပျော်တွေဖြင့် ပြည့်နေသည်။

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now