အခန်း 88: နင်က မိုမိုလိမ်နေတယ်လို့ သံသယရှိတာလား?

1.5K 229 0
                                    

Translator - Th          Editor- Aster

UNICODE

"ငါတို့မိသားစုက နင့်အပေါ်ဘာများလုပ်ခဲ့ဖူးလို့လဲ?"ရှုမင်ကျန်းကပြောနေရင်းနဲ့ ရင်ဘတ်ဖိထားလေသည်။ "အ​ဒေါ်တစ်ယောက်အနေနဲ့မင်းအပေါ်ကို ငါကောင်းကောင်းဆက်ဆံ‌ပေးခဲ့တယ်လို့ ငါတော့အပြည့်အဝယုံကြည်မှုရှိတယ်။ ငါမှတ်မိသလောက်ဆိုရင်တော့ ငါတို့မှာရှိသမျှကို မင်းမှာလည်း‌ရှိ‌အောင် ပေးခဲ့တာပဲ။"

"ချွင်းချက်အနေနဲ့နှစ်ခုတည်းပဲရှိတယ်ဆိုတာ ငါသိတယ်။ တစ်ခုကမွေးနေ့ပါတီကိုဖိတ်တာနဲ့ နောက်တစ်ခုက ကျီးရှားအကယ်ဒမီဝင်ခွင့်ပဲ။ ငါဒါတွေရအောင် လုပ်မပေးနိုင်ဘူးဆိုတာက ငါ့အစွမ်းအစထက်ကျော်လွန်နေလို့ပဲ။ ဒီဖြစ်ရပ်နှစ်ခုကလွဲရင် တခြားဘယ်အရာတွေမှာများနင့်ကိုစိတ်ထိခိုက်အောင်ငါလုပ်ခဲ့လို့လဲ တစ်ဆိတ်လောက်ပြောကြည့်ပါဦး။ အကယ်လို့နင်ငါ့ကိုမကျေနပ်ဘူးဆိုရင် ငါ့ဆီပဲလာခဲ့ပါလား။ ဘယ်လိုလုပ်ပြီး မိုမိုကိုထိခိုက်နစ်နာအောင် လုပ်ရဲရတာလဲ?"

"အခုချိန်မှာဒါတွေသာမိုမိုမပြောပြခဲ့ဘူးဆိုရင် နင်အမြဲမိုမိုကိုအနိုင်ကျင့်နေတာ ငါသိမှာတောင်မဟုတ်ဘူး။ သူမကငါတို့ကိုဘာဆိုဘာမှမပြောပြခဲ့ဘူး။ နင့်ကို‌ကောင်းကောင်းမွန်မွန်ဆက်ဆံဖို့ ငါ့ကလေးတွေကို ငါအမြဲပြောခဲ့တာ။ ဒါပေမယ့် ဒါတွေကြောင့်မိုမိုခံစားခဲ့ရတာ‌တွေကို ငါမသိခဲ့ဘူး။"

"မမ ဒီမှာနားလည်မှုလွဲစရာတစ်ချို့ရှိနေပုံပဲ။"ရှုမင်ကျင်းရဲ့လက်ဖဝါးတို့ဟာ ချွေးများဖြင့်ရွှဲနေသလို ခံစားလိုက်ရသည်။ "ကဲချင်ကမိုမိုကို ထိခိုက်စေလိမ့်မယ်လို့တော့ ညီမမထင်ပါဘူး။"

"ဆိုတော့ မိုမိုညာပြောနေတယ်လို့ ဆိုလိုချင်တာလား?" ရှုမင်ကျန်းက ပက်ကနဲပြန်မေးလိုက်သည်။

"မဟုတ်ပါဘူး ညီမဒီလိုမျိုးဆိုလိုချင်မဟုတ်ဘူး..." ရှုမင်ကျင်းကစိုးရိမ်စွာနဲ့နှုတ်ခမ်းသပ်လိုက်ပြီးနောက် ပြောလာသည်။ "မိုမိုကလိမ္မာတဲ့ကလေးမလေးဖြစ်သလို ကဲချင်ရောပါပဲ။ ဒီအကြောင်းအရာမှာ နားလည်မှုလွဲနေတဲ့ တစ်နေရာရာရှိရမယ်။"

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now