အပိုင်း-၁၂၁: ဝေမိသားစု၏ ရှက်စရာ

1K 134 1
                                    

UNICODE

Translator- HMM Editor- Aster

"မိုမိုက ငါ့တူမ။ သူမကို စောင့်ရှောက်ဖို့ မင်းကိုယ်မင်း တန်တယ်လို့ထင်လို့လား?" ချင်မုရုန်က မထိုက်တန်ဘူးဆိုတာ ဝေကျီချင်သိသည်။ သူ့အကြည့်က သူမမျက်နှာကို ဖောက်ထွင်းမတတ်ကြည့်နေပြီး ဆက်လာသည်။ "မင်းက ဘယ်သူမို့လို့လဲ?"

ထန်းမိုရှေ့တွင် သူမ မကောင်းသည့်အတုယူသွားမည်စိုးသည့်အတွက် 'မင်းကိုယ်မင်း ဘာထင်နေလဲလို့' သူ မပြောလိုက်တာဖြစ်သည်။

"ကျီချင် ရှင်... လူတွေအများကြီးရှေ့မှာ ရှင်ဘယ်လိုလုပ် ပြောနိုင်တာလဲ?"

"မင်းပုံရိပ်ကို ဂရုစိုက်တယ်ပေါ့? လူတွေအများကြီးရှေ့မှာ ရှက်တယ်ပေါ့?" ဝေကျီချင်ရဲ့ နှုတ်ခမ်းပါးတွေက လှောင်ပြုံးအဖြစ်သို့ ပြောင်းသွားကာ အကြင်နာကင်းမဲ့စွာဖြင့် ပြောလာသည်။ "ဒါဆို မိုမိုနဲ့ ဝေးဝေးမှာနေ။ လူတွေအများကြီးက ငါနဲ့မင်းရဲ့ ဆက်ဆံရေးတွေကို အထင်လွဲအောင်ပြောတာများတော့ အရှက်က ဘာလဲဆိုတာ မေ့သွားတာကြာလောက်ပြီနဲ့တူတယ်။ အခုတော့ အရှက်က ဘာလဲဆိုတာ မင်း တကယ်သိသွားပြီ..."

ချင်မုရုန် သည် သူမစိတ်ထဲ တဝီဝီနှင့် မြည်နေသလို ခံစားရကာ သူမ၏ ပါးပြင်များ ပူလောင်လာသလို ဖြစ်လာ၏။

ဝေကျီချင် က ဘယ်လိုဖြစ်တာလဲ...လူတွေအများကြီးရှေ့မှာ ဒီလိုကြောက်စရာကောင်းတဲ့စကားတွေကို သူဘယ်လိုလုပ်ပြောထွက်ရက်တာလဲ။

ထန်းမိုအတွက်ပဲလား????
ချင်မုရုန်က ထန်းမိုကို ကြည့်လိုက်သည်။

သူမကြည့်နေသည်ကို ရိပ်မိသော ဝေကျီချင်သည် ထန်းမိုကို အကာအကွယ်ပေးရန် သူ့နောက်သို့ ချက်ချင်းဆွဲထုတ်လိုက်သည်။

ထို့နောက် ဝေကျီချင် သည် ဝေကဲလီကို ထပ်ပြီးကြည့်လိုက်သည်။

သူ့အကြည့်တွေက ဝေကဲလီရဲ့ ဦးရေပြားတွေ ကျိန်းလာသလို ဖြစ်လာစေကာ ဝေကျီချင်ပြောတာကို ကြားလိုက်သည်။ "မင်းက အပြင်လူကို မင်းအစ်မအဖြစ် သတ်မှတ်ချင်မှတော့ ချင်မုရုန်ရဲ့ မောင်လေးအဖြစ် လုပ်ပေးလိုက်တော့။ ငါက မင်းမိဘတွေနဲ့ ဒီကိစ္စပြောလိုက်မယ်။ ဝေမိသားစုအစား ချင်မုရုန်နဲ့ မင်းက ပိုနီးစပ်တယ်ဆိုပြီးတော့"

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now