အပိုင်း-၁၀၇:မင်းတော့ လူမှားပြီးရှုပ်မိသွားပြီ

1.6K 225 3
                                    

UNICODE

Translator- HMM Editor- Aster

သူမ ပါးစပ်ကသာ ပြောခြင်းဖြစ်ကာ...ယခု မမျှော်လင့်ဘဲ ထန်းမိုသည် သူမအားစာစီစာကုံးတစ်ပုဒ်ရေးရန် အတင်းအကြပ် ခိုင်းစေခဲ့သည်။

ချင်မုယဲ့မှ ဒေါသမထွက်တော့သော်လည်း သူမ ခေါင်းခါရုံသာခါလိုက်သည်။
နင်တော့ လူမှားပြီး လာရှုပ်မိသွားပြီ။

လင်းဖူရှီက အခြေအနေမှ ရုန်းထွက်ရန် ခက်ခဲနေသည်ကို မြင်လိုက်ရသဖြင့် ကျင်းယွဲ့လင် က လျင်မြန်စွာ ပြောလာသည်။ "ဦးလေး၊ အန်တီ၊ ထန်းမိုရဲ့ ခရီးဆောင်အိတ်ကို အရင်‌ဖြည်လိုက်ရမလား"

"ဟုတ်တယ် ဟုတ်တယ် မြန်မြန်အထုတ်ဖြည်ပြီးရင် မြန်မြန်နားလို့ရတယ်လေ" မုန့်ယွီရှီက ခေါင်းညိတ်လိုက်သည်။

လင်းဖူရှီက ထန်းမို၏ မိသားစုကို တစ်ချက်ကြည့်လိုက်ပြီး ယောက်ျားများစွာ ရှိနေသည်ကို သူမ သတိပြုမိလိုက်ပြီး ပြောလာသည်။ "ထန်းမို၊ ဦးလေး၊ အန်တီ၊ ဒါက မိန်းကလေးအဆောင်ပါ။ ယောက်ျား‌လေးအများကြီး ရှိနေတာအဆင်မပြေဘူး..."

ရှုမင်ကျန်း အသက်ပြင်းပြင်းရှူလိုက်သည်။
အခု က အဆင်မပြေဘူးလား? အစတုန်းက သူမမေးတုန်းက လင်းဖူရှီက အဆင်မပြေဘူးလို့ ဘာလို့ မပြောတာလဲ။

ရှုမင်ကျန်း သည် ကလေးမလေးနှင့် ပြိုင်ပြောရန် စိတ်မဝင်စားသောကြောင့် ထန်းဝမ်စစ် နှင့် ထန်းမိသားစု၏ ညီအကို များအား ပြောလိုက်သည်။ "ဒီနေရာနဲ့ သိပ်မဝေးတဲ့နေရာမှာ ကော်ဖီဆိုင်တွေနဲ့မုန့်ဆိုင်တွေ ရှိနိုင်တယ်။ ယဲ့ချင်နဲ့မုယဲ့ကိုပါအတူတူစားဖို့ ခေါ်သွားတာပြီး ကျွန်မတို့ကို စောင့်နေနော်။ မိုမိုနဲ့ ကျွန်မ ပဲ သန့်ရှင်းရေးလုပ်ဖို့ ဒီမှာနေခဲ့မယ်။ အရမ်းပူတဲ့နေ့မို့ အပြင်မှာ စောင့်မနေကြနဲ့"

ထန်းမိုနေရမှာမို့လို့ သူမပစ္စည်းတွေကို သူမဘာသာ နေရာချတာ ပိုကောင်းမည်။

"သမီးလည်း ကူဖို့နေပါ့မယ်" ချင်မုယဲ့ မတ်တပ်ထရပ်ပြီး အရမ်းကို တည့်တိုးဆန်စွာပြောလိုက်သည်။

မုန့်ယွီရှီက ကျင်းယွဲ့လင် ကို ဆွဲကာ ကသိကအောက်ဟန်ဖြင့် ပြောလာသည်။ "သမီးတို့လည်း သန့်ရှင်းရေးလုပ်ပေးချင်ပါတယ် အန်တီ။ လုပ်စရာတွေရှိရင် သမီးတို့ကို ပြောပါ။"

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now