အခန်း ၉ - ထန်းမိသားစုအပေါ် အမုန်းတရားဖြစ်အောင် လှုံ့ဆော်ခြင်း

3.6K 553 5
                                    

UNICODE

ဝေ့ကျီချင်က ထန်းညီအစ်ကိုသုံးယောက်ရဲ့ အကြည့်ကို မြင်လိုက်သည်။ သူတို့ပုံက မနာလိုဖြစ်နေပြီး သူ့ကို စိုက်ကြည့်နေကြသည်။ အဲဒါကြောင့် ထန်းမိုပြောတာက အမှန်ဖြစ်တယ်ဆိုတာ သူသိလိုက်သည်။

ချင်မုရှောင်းက ဒီအဖြစ်အပျက်ကို မြင်လိုက်သည်။

ချင်မုရှောင်းက ထန်းမိုနှင့် အသက်တူတူပင်ဖြစ်သည်။ ဒါပေမယ့်လည်း သူမ ငယ်စဉ်ထဲက သူမ အစ်မကြီး ချင်မုရုန်က ဝေ့ကျီချင်နှင့် အနာဂတ်မှာ လက်ထပ်ဖို့ ပြင်ဆင်ထားတာဖြစ်သည်။ ချင်မုရုန်က ဝေ့ကျီချင်နှင့် အသက်တူတူဖြစ်ကာ သူတို့နှစ်ဦးလုံးက ကျီရှားအကယ်ဒမီတွင် ကျောင်းတူတူတက်ကြတာဖြစ်သည်။

ဝေ့ကျီချင်နှင့် ချင်မုရုန်က ငယ်သေးတာဖြစ်သောကြောင့် နှစ်ဖက်မိသားစုက ထိုကိစ္စနှင့်ပတ်သက်ပြီး သေချာ ရှင်းရှင်းလင်းလင်း ပြုလုပ်ထားတာမျိုးတော့မရှိပေ။

ဒါပေမယ့် သူတို့က ထိုကလေးနှစ်ယောက်ရဲ့ ဆက်ဆံရေးကို ငယ်ချစ်ဦးအဖြစ်တိုးတက်လာအောင် အလေးထားကြသည်။ ထို့အပြင် ဝေ့မိသားစုကလည်း လိုက်လျောထားတာဖြစ်သည်။

ချင်မိသားစုနှင့် ဝေ့မိသားစုသာမက တခြားသူတွေကလည်း ဝေ့ကျီချင်နှင့် ချင်မုရုန်ဆိုတာ တစ်ဦးနှင့်တစ်ဦး ဖူးစာပါပြီးသားဆိုပြီး အလိုအလျောက် နားလည်ထားကြသည်။

ချင်မုရုန်ဘေးရှိသူတွေက ချင်မုရုန်ကို ဝေ့ကျီချင်ရဲ့ သတို့သမီးလောင်းအဖြစ် မှတ်ယူထားကြသည်။ နှစ်ဖက်မိသားစုက မကြေညာသော်ငြားလည်း အကုန်လုံးက ထိုကဲ့သို့ မှတ်ယူထားကြသည်။

သို့သော် ချင်မုရုန်ရဲ့ ညီမဖြစ်သည့် ချင်မုရှောင်းအနေနှင့် ဝေ့ကျီချင်ဆီကနေ ထိုကဲ့သို့ အထူးအလေးပေးဆက်ဆံမှုကို ရရှိခဲ့ခြင်း တစ်ခါမှ မရှိခဲ့ပေ။

တစ်ဖက်လူက ကလေးမလေး ဖြစ်နေပါဦးတော့....ဝေ့ကျီချင်က ကောင်မလေးတစ်ယောက်အပေါ် လေးစားမှု နူးညံ့မှုနှင့် ဆက်ဆံတာမျိုး သူမတစ်ခါမှ မမြင်ခဲ့ဖူးပေ။

ချင်မုရုန်အပေါ်တောင် ဝေ့ကျီချင်က သူမ(ထန်းမို)ကို ဖော်ရွေတာမျိုးလောက်တောင် မရှိပေ။

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now