အခန်း ၇၄: အန်ကယ်လေးကို ကုစားပေးခြင်း

2.1K 321 2
                                    

Translator- Th     Editor- Aster

UNICODE

"မား ဘာလို့ ဒီလောက်သမီးကို ယုံကြည်မှု နည်းတာလဲ!" ထန်းမိုက နှုတ်ခမ်းဆူလိုက်သည်။ "သေချာပေါက် အိမ်တော်ထိန်းကျိုးကို ခက်ခဲအောင်သမီး မလုပ်ပါဘူး"

"ကောင်းပါပြီ ကောင်းပါပြီ!" ရှုမင်ကျန်းကရယ်လိုက်ပြီး ထန်းမိုခေါင်းကို ပုတ်လိုက်သည်။ "သမီးတစ်ခုခုလိုအပ်တာပဲဖြစ်ဖြစ် လိုချင်တာဖြစ်ဖြစ်ရှိရင် မားကိုဖုန်းသာဆက်လိုက်။ မားသမီးအကိုတွေကို လာပို့ခိုင်းလိုက်မယ်။ ဒါနဲ့ သမီးစားချင်တာတစ်ခုခုများရှိလား?"

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲက နောက်ဆုံးမှာတော့ ပြီးဆုံးသွားပြီဖြစ်သည်။ ထန်းမိုရဲ့ ကြိုးစားမှုအတွက် ထန်းမိသားစုကသေချာပေါက် စားသောက်ပွဲကြီးကျင်းပ‌ပေးမှာဖြစ်သည်။

ထန်းမိုကရှုမင်ကျန်းဘာတွေးနေလဲဆိုတာ သိတော့ ပြုံး‌ရင်းနဲ့ပြောလိုက်သည်။ "အန်ကယ်လေးနိုးလာတာနဲ့ သမီးလည်း စားသောက်ပွဲကြီးဆင်နွှဲချင်စိတ်ဖြစ်လာလိမ့်မယ်။"

"အိမ်တော်ထိန်းကျိုးနဲ့ ရှိနေသရွေ့တော့ သမီးသေချာပေါက်ဆာလောင်စရာအကြောင်းမရှိပါဘူး။စိတ်မပူပါနဲ့ မားရယ်။" ထန်းမိုကရှုမင်ကျန်းကိုဖက်ပြီး ပြောလိုက်သည်။"သမီးပြီးကျရင် ညစာစားလိုက်မယ်။အဲ့ကျရင် ဓာတ်ပုံရိုက်ပြီးgroupထဲပို့လိုက်မယ်လေ။"

"ကောင်းပြီ"ရှုမင်ကျန်းက ကြာကြာမနေပေ။
ထန်းမိုကိုထားခဲ့ရမှာကို သူမအင်တင်တင်ဖြစ်နေပုံပေါ်ရင် ကြည့်လို့ကောင်းမှာ မဟုတ်ပေ။

နောက်တော့ ရှုမင်ကျန်းက ဓာတ်လှေခါးထဲ ဝင်သွားသည်။

ဓာတ်လှေခါးထဲမှာ ထန်းမိုအကြောင်းတွေးမိပြီး သူမသက်ပြင်းချမိသည်။

ဒါက ထန်းမိုသူတို့အိမ်မှာမရှိတဲ့ ပထမဆုံးညပဲ။

သူမစိတ်ထဲမှာတေ့ာ သူမအရမ်းကို သောကဝေနေသည်။

ရှုမင်ကျန်းထွက်ခွာသွား‌တာကို ထန်းမိုမြင်တော့ သူမလည်း ‌ဆေးရုံခန်းထဲပြန်သွားလိုက်သည်။

ဝေကျီချင်ရဲ့အခန်းက အလွန်ကျယ်ဝန်းသည်။

သူ့မှာ ဧည့်ခန်း၊ရေချိုးခန်းနဲ့ အိပ်ခန်းတစ်ခန်းစီ ပါဝင်သည်။ လိုအပ်တဲ့ အသုံးအဆောင်တွေကလည်း အပြည့်အစုံပါသည်။

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now