အပိုင်း ၆၉ -ဖျက်ဆီးမှု

2.2K 321 5
                                    

Translator- HMM         Editor- Aster

UNICODE

"အန်တီ?" ယွမ်ကဲချင်က ချက်ချင်းလှည့်၍ ရှုမင်ကျန်းကို ရှာတော့သည်။ "ကားထဲမှာ နေရာ မရှိလို့လားဟင်"

ရှုမင်ကျင်းက သူမကို ဂရုစိုက်ခိုင်းခဲ့တယ် မဟုတ်ဘူးလား?

အိမ်တော်ထိန်းကျိုးက ရှုမင်ကျန်းကို အရှက်မကွဲစေဘဲ တိုက်ရိုက်သာ ပြောလိုက်သည်။ "သခင်လေးကဲလီ ရဲ့ကားမှာ လူနှစ်ယောက်ပဲ ရှိတာဆိုတော့ မင်းက ဘာလို့ အဲဒီကို မသွားတာလဲ၊ မမလေးယွမ်။ ဒီကားထဲမှာ လူအရမ်းများနေတယ်"

ထန်းမိသားစု ညီအကိုသုံးယောက်က တကယ်ကို ပျော်ရွှင်သွားခဲ့ကြပြီး အားလုံးက မစ္စတာကျိုး ကို ချီးကျူးမိသွားသည်။

သို့သော် အိမ်တော်ထိန်းကျိုး ပြောသည့်စကားမှာလည်း အဓိပ္ပာယ်ရှိလှသည်။

ထန်းမိသားစုမှာအမှန်တကယ်ကို လူများလွန်းသည်။

ကားကကြီးပေမယ့် လူအရမ်းများနေသည်။

ဝေကျီချင်က ဒါကို ထည့်သွင်းစဉ်းစားပြီး သူ့ကို ဒီလောက် RV အကြီးကြီးကို မောင်းခိုင်းလိုက်ခြင်းဖြစ်သည်။

မစ္စတာကျိုးသည် အိမ်တော်ထိန်းတစ်ဦးသာဖြစ်သော်လည်း ဝေစံအိမ်၏ အိမ်တော်ထိန်းဖြစ်‌နေသည်။

လီရှန်းရုန်သည် ဤမျှသေးငယ်သောကိစ္စအတွက် အိမ်တော်ထိန်းကျိုးကို ငြင်းဆိုဝံ့ခြင်းမရှိပေ။

လီရှန်းရုန်က သူမကို ဘယ်လောက်ပဲ မကြိုက်နေပါစေ သဘောတူရတော့သည်။

ထန်းမိသားစု၏ တုံ့ပြန်မှုကို မြင်သောအခါ ဝေကဲလီ ခံစားလိုက်ရသည်မှာ ယွမ်ကဲချင် သည် သူတို့ ကားထဲသို့ လိုက်သွားလျှင်တောင် သူမအနိုင်ကျင့်ခံရနိုင်မည်ဟုသာ.......

သူမအတွက် ထန်းမိသားစု၏ အထင်အမြင်သေးမှုသည် အလွန်ထင်ရှား‌ နေသည်။

အိမ်တော်ထိန်းကျိုးက ကဲချင်ကို ကားပေါ်တက်ခွင့်မပေးဘဲ ထန်းဝမ်စစ် နဲ့ ရှုမင်ကျန်းတို့ကတောင် စကားတစ်ခွန်းမှ ကူမပြောပေ။

ထို့ကြောင့် လီရှန်းရုန် စကားမပြောမီ ဝေကဲလီက ဦးစွာသဘောတူခဲ့သည်။ "ကဲချင် မင်း ငါတို့ RV ကိုလာလေ ငါတို့မှာ လူနည်းနည်းပဲရှိတော့ RV က ကျယ်တယ်၊ စားဖိုမှူးလည်း ခေါ်လာတယ်။"

နှင်းနတ်သမီးလေးက အမြှောက်စာဇာတ်ကောင်ဖြစ်သွားသောအခါWhere stories live. Discover now