Chapter - 136👪👬💏

11.8K 1.1K 161
                                    


Unicode
~~~~~~~~

အချက်ပေးသံတွေဆူညံနေတဲ့ အရေးပေါ်ကားတန်းကြီးက မြို့လည်ခေါင်ကနေဖြတ်ပြီး အလျှင်စလိုမောင်းသွားကြတော့ မြို့ပေါ်မှာရှိတဲ့ လူတွေကပါ ထွက်ကြည့်လာကြတယ် ...

ရှုမန်းရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတွေက လူတွေကိုအံ့ဩထိပ်လန့်စေပြီး အမှားနဲ့အမှန်ကို ခွဲခြားသိမြင်စေနိုင်ခဲ့တယ် ... လူတွေအားလုံးရဲ့စိတ်ထဲမှာ ဆုတောင်းနေမိတာက သူတို့အထင်လွဲမှားနေခဲ့တဲ့ ရှန်ဟွှာကလူတွေ အန္တရာယ်ကင်းပါစေဟူ၍ ...

" အရေးပေါ်လူနာရှိတယ် ... ခွဲစိတ်ဖို့ အားလုံးပြင်ဆင်ထားကြ "

ဆရာဝန်ကြီးရဲ့အသိပေးသံအဆုံး၌ ခွဲစိတ်ဆရာဝန်များက တွန်းလှဲဖြင့် ထွက်လာကြပြီး ရှန်ဖန်းဂူနဲ့ ရှုမန်းအား ခွဲစိတ်ခန်းတွင်းသို့ခေါ်သွားကြလေတယ် ... မင်းယွီက ဖန်းဂူတို့ကို ရှာမတွေ့စဉ်ချိန်ကတည်းက သတိမေ့သွားခြင်းကြောင့် သူ့ရဲ့မိသားစုဝင်များက ခေါ်သွားကြခြေပြီ ... ယခု ခွဲစိတ်ခန်းရှေ့တွင် ရှိနေကြသူတွေက ချူးရှန့်နဲ့ ရှန်ဟွှာရဲ့မိသားစုဝင်များသာ ...

သန်မာလှပါတယ်ဆိုတဲ့ သခင်မကြီးမိုနန်းလဲ သားဖြစ်သူရဲ့ ဒုတိယအကြိမ် ပြိုလဲခြင်းကိုမြင်ရတော့ ခြေပင်မခိုင်တော့ပဲ ကြမ်းပြင်ပေါ် လဲကျသွား၍ ကူးမန်က လှမ်းထိန်းပေးလိုက်ပြီး ...

" မိုနန်း ... ကိုယ်တို့သားလေး ဘာမှမဖြစ်စေရဘူး ... အားလုံးအဆင်ပြေသွားမှာပါ "

" ကျွန်မတို့သားလေး ... ထပ်ပြီး ... "

သူမက ရှိုက်ကာ ငိုနေမိတယ် ...

" မဖြစ်နိုင်လောက်ပါဘူး ... ဖန်းဂူက ဘယ်လောက်ထိသန်မာလဲ မင်းသိရဲ့သားနဲ့ "

သူမက မထိန်းချုပ်နိုင်ပဲ ကူးမန်ရဲ့ရင်ခွင်ထဲ၌ ငိုကြွေးနေမိလေတော့တယ် ... သခင်ကြီးဟွှာရန်းနဲ့ ပိုင်ယွိတို့က ချုပ်နှောင်ခံထားခဲ့ရခြင်းကြောင့် ယခုပင်ပန်းကာ အနားယူနေကြတယ် ... ရန်အာရဲ့နဘေးမှာတော့ ရွာလူကြီး ဂိုဝူးတစ်ယောက်သာလျှင် ရှိနေတယ် ...

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now