It's Loey

1.4K 187 1
                                    

"သူဌေး"

"ပြော"

"သူဌေးမာတို့ဘက်ကဆက်သွယ်လာပါတယ်"

မျက်နှာတည်နဲ့ထိုင်နေတဲ့သူဌေးရဲ့အမူအရာက အရမ်းကိုအေးစက်နေပေမယ့် မကြာခင်ပေါက်ကွဲသွားတော့မလားစိုးရိမ်မိတာကြောင့် အနားရှိတဲ့သူတွေဟာအမှားမခံနိုင်ပေ။

ဖြစ်ချင်တော့ မိမိတို့သူဌေးကိုထိန်းနိုင်တဲ့တစ်ယောက်သောသူက သူဌေးမာတို့ဘက်မှာဓားစာခံအနေအထားနဲ့ရောက်နေတာဖြစ်တာကြောင့် သူတို့အဖို့ ကြားထဲကနေသေမင်းနဲ့မမိတ်ဆက်ရအရေး အတော်ဂရုစိုက်နေရသည်။

"ဘယ်မှာလဲ"

"အောက်ထပ်ကလော်ဘီမှာရောက်နေပါတယ်"

"သွားမယ်"

အေးတိအေးစက်မျက်ဝန်းတွေထဲစေ့စေ့ကြည့်မိမယ်ဆိုလျှင် မီးတောက်မီးလျှံတွေလျှံတက်နေတာကိုမြင်နိုင်လိမ့်ပေလိမ့်မည်။

ငွေရောင်ဆံနွယ်တွေကိုခေါင်းလိမ်းဆီအကူအညီဖြင့်အပေါ်သို့လှန်တင်ထားသလို စုကျုံ့နေတဲ့မျက်ခုံးတစ်စုံနဲ့ အေးစက်စက်အကြည့်တွေသာရှိတဲ့ မျက်ဝန်းတွေ၊ မျဥ္းဖြောင့်ပုံစံ တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းတစ်စုံကြောင့် ချောမောခန့်ညားလှတဲ့ရုပ်ရည်သွင်ပြင်ဟာ အလွန်ပင်ဆွဲဆောင်မှုအားပြင်းလွန်းလှသည်။

လယ်သာရှုးအနက်ရောင်စီးထားတဲ့ခြေတံရှည်တွေကတစ်လှမ်းချင်းလှမ်းနေပြီး ​ချောမွေ့နေတဲ့ကျောက်ပြားနဲ့ဖိနပ်ခွာထိခတ်သွားတဲ့အသံကျယ်ကျယ်သာ တစ်လမ်းလုံးစိုးမိုးလို့ထားလေသည်။

"ရောက်လာပါပြီလား သူဌေးပတ်ခ်"

စက္ကန့်ပိုင်းအတွင်းခြေစခေါင်းအဆုံးအကဲခတ်ပြီးသွားတဲ့မျက်ဝန်းတွေဟာ ပိုအေးစက်သွားပြီး မျက်နှာချင်းဆိုင်နေတဲ့သူကို အနေကျုံ့သွားအောင်ပင်ပြုလုပ်နိုင်သည်။

"ကိစ္စ?"

"အာ အရင်ဆွေးနွေးထားတဲ့အတိုင်း အိမ်ရာစီမံကိန်းအတွက်ရင်းနှီးမြုပ်နှံမှုမှာ သူဌေးပတ်ခ်ဘက်က လက်မှတ်ထိုးပေးလာဖို့မျှော်လင့်ရုံတင်ပါ"

"သူဘယ်မှာလဲ"

"ကော်ဖီသောက်ခနခေါ်ရုံပါ ကျုပ်တို့ဘက်က သူဌေးပတ်ခ်ကိုအပြစ်မပြုဝံ့ပါဘူး"

PROJECT BWhere stories live. Discover now