အံ့ဖွယ်အရည်အချင်းနဲ့လူရှာမယ်[အချပ်ပို]

392 60 2
                                    

"လူကြီးမင်းရဲ့အသည်းနှလုံးလေးမှာ စစ်ဆေးမေးမြန်းမှုပြုလုပ်နေပါသဖြင့် ဆက်သွယ်၍မရနိုင်သေးပါဗျာ"

ချစ်စဖွယ်အသံမက်ဆေ့ချ်လေးရောက်လာတာနဲ့ ဖွင့်လက်စ ကားတံခါးလက်ကိုင်အားကိုင်ထားတဲ့လက်ကိုလွှတ်လိုက်ပြီး အသံပို့တဲ့ခလုတ်ကိုနှိပ်လိုက်တယ်။

"အပြင်မှာဆော့ကစားလို့ဝရင်ကိုယ့်ကိုမေ့မနေနဲ့ဦး"

ကားထဲဝင်ထိုင်ပြီးတဲ့အထိတစ်ဖက်ကအသံကိုလက်မခံရသေးတာကြောင့် ချန်းယောလ်ကအလိုက်တသိပဲစောင့်နေလိုက်တယ်။

မကြာပါစာတိုလေးတစ်စောင်ဝင်လို့လာတယ်။

'ဆက်သွယ်ရေးအဓိကလမ်းမကြီး၊ ပြည်သူ့စင်တာအနောက်ဖက်လမ်း ဒါလင်´

'ကောင်းပြီ ကိုယ့်အတွက်အချိန်နာရီဝက်ပေး။ မထိခိုက်စေနဲ့´

ချန်းယောလ်ကကားကိုစက်နှိုးကာ မြေအောက်ကားပါကင်ကနေမောင်းထွက်လာခဲ့သလို
ဘတ်ခ်ဟျွန်းလေးကလည်း လက်ထဲကဖုန်းကိုသိမ်းလိုက်ကာအရှေ့ကလူကိုငုံ့မိုးကြည့်လိုက်တယ်။

"ဟေ့လူ ကျုပ်တို့ကိစ္စလေးပြန်ဆက်ရအောင်ဗျာ"

"ငါ့မှာဘာများဆက်စရာရှိဦးမှာမလို့လဲ"

မြေပြင်မှာပစ်စလက်ခတ်ထိုင်ချထားတဲ့သူက ညည်းညည်းညူညူပြောလာတယ်။

"ခင်များခါးပိုက်နှိုက်ဘယ်လိုဖြစ်လာလဲဆိုတဲ့ ဇာတ်ကြောင်းကျန်သေးတယ်လေဗျာ"

"တော်ပါတော့ ငါ့ကိုရဲလက်အပ်ချင်အပ်လိုက်ပါတော့ကွာ"

ထိုလူ ထိုသို့အရှုံးပေးကာဆက်မဖြေချင်ရတော့တဲ့အကြောင်းရင်းကြီးကား လွန်ခဲ့တဲ့ 1 နာရီခန့်ကဖြစ်ပွားလို့ပင်သွားသည်။ အချိန်သာနောက်ပြန်ရစ်လို့ရမယ်ဆိုရင် သူဒီလိုနုနုနယ်နယ် ဒုတိယမျိုးဆက်လူငယ်လေးထံကနေ ခါးပိုက်နှိုက်မိမည်မဟုတ်ပေ။

ငါ့ဦးနှောက်တွေတစ်ခဏလောက်ခဲသွားတဲ့ပုံပဲ။

ဒီနေ့က ဘေဘီဟျွန်းဟျွန်းနီးလေး ထွက်ကစားတဲ့နေ့ပင်။သူငယ်ချင်းတွေပြောကြားချက်အရပစ္စည်းကောင်းလေးတွေရှိတဲ့ ပြည်သူ့စင်တာအနီးတစ်ဝိုက်ကိုစျေးဝယ်ဖို့ရာ လာရောက်လည်ပတ်ခြင်းပင်။ထူးဆန်းတာလေးတွေစူးစမ်းရင်း လူအုပ်ကြားထဲတိုးဝှေ့တာခံလိုက်ရပြီးတဲ့နောက်မှာ မသင်္ကာစရာလူနောက်ကိုလိုက်တာ စင်တာနောက်ဖေးလမ်းကြားတွေကြားထဲကနေ ဒီအထိပင်ရောက်လို့လာတယ်။

PROJECT BWhere stories live. Discover now