မတူညီသောသားနှစ်ယောက်

1.6K 189 0
                                    

"အရင်ကတော့တိတ်တဆိတ်နဲ့ထောက်ပံ့နေပြီးကာမှ အခုတော့အိမ်ပေါ်ခေါ်တင်ပြီးထောက်ပံ့တော့မယ်ပေါ့လေ"

မောက်မောက်မာမာဟန်နဲ့ ရန်လိုနေတဲ့အမျိုးသမီးတစ်ဦးအသံဟာ 'ရှီအန်း´ စံအိမ်တော်အတွင်းပဲ့တင်သံထပ်သွားသလို သူ(မ)ရဲ့အရှိန်အဝါကြောင့် အသံကြားမိသူတိုင်းငြိမ်ကျသွားစမြဲပင်။

ဒါဟာ 'ရှီအန်း´ စံအိမ်တော်ရဲ့သခင်မကြီးဟန် ပင်ဖြစ်လေသည်။

"ထမင်းတစ်ပန်းကန်နဲ့ကျောတစ်ချစာလေးပိုသွားရုံကို မင်းကသဘောထားမကြီးပေးနိုင်တာလား"

"ဟက် ထမင်းတစ်ပန်းကန်နဲ့ကျောတစ်ချစာက တခြားသူဆိုကိစ္စမရှိဘူး။သူကတော့ ဘယ်နည်းနဲ့မှဖြစ်လို့မရဘူးဆိုတာ ရှင်မသိဘူးလား"

"သူ့ကိုစောင့်ရှောက်ပေးရမယ့်တာဝန်ငါ့မှာရှိတယ်"

"ဒီမယ်စံအိမ်သခင် သူဌေးကြီးပတ်ခ် ရှင့်ရဲ့တရားမဝင်ကလေးကိုဒီစံအိမ်ပေါ်ခေါ်တင်လာပြီး ဘာကိစ္စကျွန်မနဲ့အတိုက်အခံလုပ်ချင်နေရတာလဲ"

"မင်းပါးစပ်ကိုပိတ်လိုက်တော့။ အနှစ်သုံးဆယ်လုံးငါမင်းစိတ်တိုင်းကျလုပ်ပိုင်ခွင့်တွေပေးထားခဲ့ပြီးပြီပဲ ဒီကိစ္စလေးတစ်ခုကိုလိုက်ကန့်ကွက်မနေနဲ့"

"နောက်ဆုံးတော့ အနှစ်သုံးဆယ်လုံးရှင်မျိုသိပ်ထားခဲ့ရတဲ့အကြောင်းတွေဖွင့်အံကျလာပြီပေါ့"

ဟန်မျိုးရိုးနဲ့ပတ်ခ်မျိုးရိုးတို့ မိသားစုနှစ်စုပေါင်းကူးတံတားခင်းချိန်တွင်အရာရာဟာ စီးပွားရေးနဲ့မိသားစုကျောထောက်နောက်ခံကိုသာကြည့်ကြပြီး စာချုပ်ဆန်ဆန်ပေါင်းစည်းခဲ့ကြခြင်းဖြစ်ရာ နှစ်သုံးဆယ်လုံး သွေးအေးစစ်ပွဲကြီးဟာအသံတိတ်ဖြစ်ပွားပြီးယခုထိရှည်ကြာလို့နေခဲ့သည်။

အချစ်မပါတဲ့အိမ်ထောင်ရေးတစ်ခုမှာ တတိယလူဆိုတာရှိလာစမြဲပင်။ တရားဝင်မဟုတ်သော်ငြား သာမာန်အဆင့်တန်းထက်ပိုသာသောဘဝနဲ့နေထိုင်ခဲ့ရသော တတိယလူမှာ ကျိုးနွံကာသိမ်မွေ့လေသောကြောင့် ပတ်ခ်သူဌေးကြီးရဲ့ချစ်ခင်ခြင်းကိုရရှိခဲ့ကာ ထက်မြက်ပြီးချောမောခန့်ညားတဲ့သားလေးတစ်ယောက်ထွန်းကားခဲ့တယ်။

PROJECT BWhere stories live. Discover now