"ဟျွန်းနီးလေး တက္ကသိုလ်ဝင်ခွင့်အောင်မြင်မှုအတွက်ဂုဏ်ယူပါတယ်"
"ကျေးဇူးပါအန်တီမာ၊ ဒါကအသေးအမွှားလေးပါဗျ"
ဂုဏ်ပြုစကားပြောပေးတဲ့သူတွေကိုတစ်ယောက်ပြီးတစ်ယောက်ကျေးဇူးတင်ကြောင်းပြောနေပေမယ့် အိမ်ကအပိုလူတော့မပါခဲ့။
"သားလေးပင်ပန်းသွားပြီ"
"မပင်ပန်းပဲရတဲ့ဟာရှိလို့လား။ အို့ ရှိသားပဲ အဖိုးတန်ပစ္စည်းတွေခိုးရောင်းတာကမပင်ပန်းပဲအလုပ်ဖြစ်တယ်လေ ဟုတ်တယ်နော့"
မဒမ်ဂျန်းမျက်နှာကွက်ခနဲပျက်လို့သွားတယ်။
"အာ မေ့တော့မလို့။ ပန်းချီကားပြန်ယူလာပေးဖို့ကိုနေ့ရွှေ့ညရွှေ့လုပ်မနေနဲ့ ဒယ်ဒီမျက်နှာရှိနေလို့အချိန်တိုးထားပေးတာနော်"
"သားရယ်အဲ့တာက..."
"မလိုချင်ဘူး။ ဗြောင်ဘတ်ခ်ဟျွန်းဆိုတာ ပြောရင်ပြောသလိုလုပ်မှကြိုက်တာ။ ကတိမတည်တာတွေဆိုတစ်စက်ကလေးမှ မေတ္တာမရှိဘူး"
ပြောဆိုပြီးလှည့်ထွက်သွားတာကြောင့် အနောက်ကပြောင်းလဲသွားတဲ့အကြည့်တွေကိုသတိမထားမိလိုက်ပေ။
"ညစာစားပွဲမလုပ်ချင်ဘူးဆို ဘတ်ခ်ဟျွန်း"
ထမင်းစားဝိုင်းမှာ ဗြောင်ဂျော့ရှ်ကထိုစကားစလာတော့ ဘတ်ခ်ဟျွန်းကဘာမှမဖြစ်သလို ခေါင်းကိုငြိမ့်ပြပြီးအစားမပျက်။
"လူတွေအများကြီးခေါ်ပြီးအလှူပေးမလို့လား။ အဲ့ဒီရှေ့တစ်မျိုးကွယ်ရာတစ်မျိုးလူတွေကိုသားဖြင့်သဘောမတွေ့ပါဘူးဒယ်ဒီရယ်"
ဗြောင်ဂျော့ရှ်ကတော့ခေါင်းတခါခါပင်။
"ဒါကလူမှုရေးလေကွ။ လှုမှုရေးကနေတစ်ဆင့်စီးပွားရေးနဲ့ဆက်နွယ်နေတာ။ မင်းလိုသောက်ကလေးကဒါတွေဘယ်သိပါ့မလဲ"
"19နှစ်ကြီးများတောင်ရှိပါပြီနော်။ ကလေးကလေးဆိုပြီးနှိမ်မနေပါနဲ့"
"19နှစ်ထဲမှာပါ ပြည့်တောင်မပြည့်သေးဘဲနဲ့"
"အသက်ပြည့်တဲ့လူကြီးတစ်ယောက်ဖြစ်နေပါပြီနော်"
YOU ARE READING
PROJECT B
FanfictionMake your dreams come true either way.Daddy!! I'm comming yo~ Start date 1.12.2021 End date 23.11.2022 Unicode/Zawgyi