အုပ်ထိန်းသူ

808 116 18
                                    

'ဘယ်လိုနေလဲဟင်??´

ဖုန်းမျက်နှာပြင်ပေါ်မှာ '100´ရဲ့သတိပေးချက်တက်လာတာကြောင့် စာကြည့်မျက်မှန်ကိုချွတ်ကာ ဖွင့်ကြည့်လိုက်တော့ ရွှေရောင်ဆံပင်လေးနဲ့အလွန်ပင်ချင်ဖို့ကောင်းနေတဲ့ ဘတ်ခ်ဟျွန်းပင်။

'ကြည့်ကောင်းတယ်´

စာပြန်လိုက်ပြီး ဖုန်းပင်မချရသေးခင်မှာပဲ နောက်ထပ်စာတစ်စောင်ထပ်ဝင်လို့လာတယ်။

'ရင်ခုန်ရဲ့လားဟင်??´

ချန်းယောလ်ကကြောင်တောင်တောင်အမူအရာနဲ့ ဝဲဘက်ရင်အုံပေါ်လက်ဖဝါးဖြန့်တင်လိုက်ပြီးကာမှ ကိုယ့်ကိုကိုယ်ဘာလုပ်မိတယ်ဆိုတာ သိသွားပြီး တွန့်ဆုတ်လို့သွားတယ်။

စီးချက်ကျတဲ့နှလုံးခုန်သံတဒုတ်ဒုတ်ကို လက်ဖဝါးအောက်ကနေခံစားမိသွားတာကြောင့် လိမ်ညာမနေချင်တော့။

'အင်း´

'ဟိ! လူကြီးကိုအရင်ပြတာ။ သဘောကျတယ်ဆိုတော့တော်ပါသေးတယ်´

တကယ်ဆို ကိုယ့်ဆံပင်ကိုယ်ကြိုက်ရာပုံစံပြောင်းတာပဲမဟုတ်လား၊ ဘာလို့ဒီကောင်လေးကသူသဘောကျဖို့ထက် ကိုယ်သဘောကျမကျက ပိုအရေးကြီးနေရတာလဲ။

'မင်းသဘောကျဖို့အရေးကြီးတာပါ´

'လူကြီးပါသဘောကျတော့ပိုကောင်းတာပေါ့ဗျ။ လူကြီးအလုပ်ကောအားရဲ့လား´

စားပွဲပေါ်က လုပ်လက်စအလုပ်တွေကိုမျက်လုံးတစ်ချက်စွေကြည့်လိုက်ရင်း

'အင်း အားတယ်´

'အလုပ်တွေကြည့်အရမ်းကြီးမလုပ်ရပါဘူးနော်။ လူကြီးအလုပ်လောဘကြီးတာကကြီးတာပဲ ကျွန်တော့်အတွက်နေရာပိစိလေးတော့ချန်ထားပေးမှရမှာ´

'တစ်နေရာလုံးမယူဘူးလား´

'ဟင့်အင်း ယူပါဘူးနော်။ နေရာပိစိလောက်နဲ့တင်လုံလောက်ပါတယ်ဗျ´

'ကိုယ်ဒီစကားကိုမှတ်ထားမယ်´

'100%အကြွင်းမဲ့ယုံကြည်လိုက်ပါဗျ´

'ကောင်းပြီ´

'ဒါဆိုရင်အိမ်ပြန်လိုက်ပါဦးမယ်နော်။ လူကြီး ကြိုးစားထားပါဗျ´

PROJECT BWhere stories live. Discover now