အိကျိအိကျိရဲ့သခင်

834 102 13
                                    

ိ'တိုင်းသူပြည်သားများ´ လျှို့ဝှက်စကားပြောခန်းထဲမှာ ဘယ်သူမှမသိသေးတဲ့သတင်းလေးရောက်လာလေရဲ့။

ယန်းအမြဲတမ်းပျော်: သတင်းထူးရှိတယ်တိုင်းသူပြည်သားတို့။ မင်းတို့ရဲ့မင်းသားလေးက ဒိတ်နေတဲ့သူနဲ့အခြေအနေပိုကောင်းနေတယ်တဲ့။

ဘူးသီးလေး: လူသစ်လေး မင်းသတင်းတွေဘယ်ကနေနှိုက်ထုတ်လာတာလဲ။

အဝါရောင်ပန်းပွင့်လေး: ငါတို့ကလေးလေးပျော်နေရင်ရပြီ။

ဘူးသီးလေး: ငါတစ်ခုခုရဲ့အနံ့ရနေတယ်။

ဘူချွန်းကပန်းကလေး:ယန်းအမြဲတမ်းပျော်ရေ မင်းကငါတို့အဖွဲ့ရဲ့ရှေ့တန်းသတင်းပေးရာထူး မကြာခင်ရတော့မယ်ထင်တယ်။

ယန်းအမြဲတမ်းပျော်: ငါကတာဝန်သိတက်ပြီး သစ္စာရှိတဲ့လူတစ်ယောက်ပါ။ ငါ့ရဲ့ကမ္ဘာအသစ်လေးမှာငါအရမ်းပျော်တာပဲ။

နွားခွန်အားနဲ့ရုပ်ဖြောင့်သူ: မင်းကသူ့အမျိုးလား။

ရောင်စုံသက်တံ့လေး: အပေါ်ထပ်ရေ မင်းပြောသမျှထဲဒီတစ်ခါအမှန်ကန်ဆုံးမေးခွန်းပဲ။

ယန်းသခင်လေးကတော့ အုပ်စုစကားပြောခန်းထဲကတစ်ယောက်တစ်ခွန်းတက်လာတဲ့စကားတွေကိုကြည့်ပြီး အပျော်ကြီးပျော်ရွှင်လို့နေတယ်။

သူတို့ရဲ့ကာယကံရှင်မင်းသားလေးကတော့ အဆောင်မှာရှိမနေ။ အားကစားခန်းမမှာ အသင်းသားတွေတစ်ယောက်ပြီးတစ်ယောက်ကိုင်ပေါက်ပြီးလှဲသိပ်နေရတာနဲ့အားတယ်လို့ကိုမရှိဘူး။

"တော်လောက်ပြီကျောင်းသား အသင်းတွက်ချပေးထားတဲ့ဆေးဖိုးဝါးခကအသေးအမွှားကုသစရိတ်ပဲရှိတာပါကွာ"

အားကစားနည်းပြကိုယ်တိုင်ကတောင်းတောင်းပန်ပန်နဲ့ကို တော်ယူခိုင်းရတဲ့အဖြစ်ပါ။

"ဒါဆို ရေသွားသောက်လိုက်ဦးမယ်ဗျ"

"အေးအေး နားနားနေနေသာနေ"

ဘတ်ခ်ဟျွန်းလေးကရေသောက်ဖို့ရေသန့်စက်ကိုသွားပေမယ့်ရေကုန်လို့နေတယ်။

"မတက်နိုင်ဘူး ကြုံတုန်းလုပ်အားပေးရမှာပေါ့"

အားကစားခန်းမကနေထွက်လာပြီးအေးအေးလူလူလျှောက်သွားတဲ့ဘတ်ခ်ဟျွန်းနောက်ကို ရုပ်ဖျက်ထားတဲ့အထူးသက်တော်စောင့်နှစ်ယောက်ကတိတ်တဆိတ်လိုက်လို့လာတယ်။

PROJECT BWhere stories live. Discover now