"ဘယ်လိုဖြစ်တာလဲ"
"အဟင့်ဟင့် လူကြီး~~~"
အမေးလေးစရုံရှိသေး ဝမ်းနည်းတကြီးနဲ့တအိအိငိုချလာတဲ့ ဘတ်ခ်ဟျွန်းကြောင့် ချန်းယောလ်မှာ ကျန်ခဲ့တဲ့ကျောင်းသားတွေပဲပြေးရိုက်ရတော့မလိုလို၊ မျက်စိရှေ့ကအကောင်ပေါက်ကလေးကိုပဲချော့ရတော့မလိုလိုနဲ့ဗျာများလို့သွားရှာတယ်။
"တိတ်တော့မငိုနဲ့"
ဆံပင်တွေရော အဝတ်အစားတွေပါစုတ်ဖွာပေရေနေပြီး ပါးပြင်နုနုလေးရော မေးရိုးသွယ်သွယ်လေးတွေမှာပါအညိုအမဲနဲ့ပေါက်ပြဲရာတွေကအကျည်းတန်စွာနေရာယူထားပေမယ့် ဒီကောင်လေးကတော့သူ့မူလေးအတိုင်းချစ်ဖို့ကောင်းနေဆဲပင်။
"ဆူတာ အီး~~"
"ဒဏ်ရာတွေဆေးထည့်ပြီးသန့်ရှင်းရေးလုပ်ရဦးမယ် မငိုနဲ့တော့။ မျက်ရည်တွေနဲ့ပိုညစ်ပတ်သွားလိမ့်မယ်"
"နာမှာ များကြီးများကြီးကိုနာမှာ"
"ဒဏ်ရာပဲ နာတာသဘာဝပဲလေ"
"အီး~~ကလေးကနာနေတာကိုချော့ပြောမယ်မရှိဘူး"
Lover seat မှာနေရာယူထားတဲ့အကောင်ပေါက်လေးကိုတစ်ချက်လှည့်ကြည့်ရင်း ချန်းယောလ်ကသက်ပျင်းချပြီးအသက်ဝဝရှုသွင်းလိုက်တယ်။
သူ့ဘဝမှာကလေးတွေနဲ့လဲမဆက်ဆံခဲ့ဖူးသလို အရာရာမှာရင့်ကျက်နေရမယ်ဆိုတဲ့မူနဲ့ ပုံစံခွက်ထဲရိုက်သွင်းခြင်းခံထားရတဲ့သူက ဒီအရာတွေမှာအားနည်းလွန်းလှပါတယ်။ စကားလုံးတွေနူးညံ့အောင်လဲမသုံးတက်ဘူး အေးတိအေးစက်မျက်နှာထားအပြင် စကားပြောပြတ်တဲ့သူက ပိုးမွေးသလိုနူးနူးညံ့ညံ့လေးကြီးပြင်းလာခဲ့ရတဲ့ ဒီကလေးငယ်ကို ဘယ်လိုဆက်ဆံရမယ်ဆိုတာအခက်တွေ့စေလှပါတယ်။
ကိုယ့်အကြောင်းကိုယ်နားလည်သူမို့ ခွာထုတ်သော်ငြားဒီကောင်ငယ်လေးက ဇွဲကောင်းလှပါတယ်။ပြီးတော့ နှလုံးသားထဲလဲတိုးတိုးတိတ်တိတ်နဲ့နေရာလေးလဲဝင်ယူပြန်တယ်။
ခက်ရချီသေးရဲ့ချာတိတ်ရယ်။
"ဒီနားကနီးစပ်ရာဆေးရုံလိုက်ပို့ပေးမယ်"
YOU ARE READING
PROJECT B
FanfictionMake your dreams come true either way.Daddy!! I'm comming yo~ Start date 1.12.2021 End date 23.11.2022 Unicode/Zawgyi