ကလေး

849 124 18
                                    

ဒီနေ့နေသာတယ် ဘေဘီဟျွန်းဟျွန်းနီးကပျော်တယ်။

ဒီနေ့စာအုပ်ဖတ်ဖြစ်တယ် ဘေဘီဟျွန်းဟျွန်းနီးကသဘောကျတယ်။

ဒီနေ့ဂိမ်းမဆော့ပါ ဘေဘီဟျွန်းဟျွန်းနီးကအိပ်နေတာ။

ဒီနေ့ဟင်းကောင်းတယ် ဘေဘီဟျွန်းဟျွန်းနီးလေး ဗိုက်ဝသွားတယ်။

ဒီနေ့ထူးဆန်းတာတွေရှာတွေ့လာတယ် ဘေဘီဟျွန်းဟျွန်းနီးလေးကအံ့ဩသွားတယ်။

ဒီနေ့ကသောကြာ ဘေဘီဟျွန်းဟျွန်းနီးက Darling စီလာ။

ဒီနေ့ကနေမသာ ဘေဘီဟျွန်းဟျွန်းလေးညစ်တယ်ဗျာ။

ဒီနေ့ကတော့ Saturday ဘေဘီဟျွန်းဟျွန်းနီးလေးဒိုးပြီဝေး။

ကုကုကာကာ ဘေဘီဟျွန်းဟျွန်းနီးလေးတီတီတာတာ Darlingကြီးကိုချစ်တာဗျာ။

ဒါတွေအားလုံးက ဘေဘီဟျွန်းဟျွန်းနီးလေးက သူ့ရဲ့ချစ်လှစွာသောကြီးစီနေ့တိုင်းရေးပို့ထားသော အချစ်စာလွှာတွေပင်။တစ်ရက်နဲ့တစ်ရက်မရိုးရသလို စာလုံးတွေလဲထပ်မသွားအောင် ကြိုးစားထားရတဲ့စာတွေက အသိမှတ်ပြုခြင်းခံရသလို တစ်ဖက်ကလည်းတယုတယလေးသိမ်းထားတယ်ဆိုတာများသိသွားခဲ့ရင် ဆွေ့ဆွေ့ခုန်နေတော့မှာအမှန်ပါပဲ။

တက္ကသိုလ်ပထမအပတ်ကအရေးကြီးသင်ခန်းစာတွေမစသေးတာကြောင့် အလွန့်အလွန်စာကြိုးစားသောကျောင်းသားများမှလွဲ၍ ကျန်တဲ့ကျောင်းသားများအတွက်ကတော့ ပေါ့ပေါ့ပါးပါးနဲ့ဆော့ကစားဖို့အားသန်နေကြလေသည်။

တစ်ဖက်မှာလဲစီနီယာများက ဂျူနီယာကျောင်းသားသစ်ကြိုဆိုပွဲအတွက်မေဂျာအလိုက်အပြိုင်အဆိုင်စီစဥ္နေကြသလို ဖွင့်လှစ်ထားတဲ့အသင်းတွေမှာအသင်းသားအသစ်ရဖို့အတွက်လဲမဲဆွယ်စည်းရုံးနေကြပြန်သည်။

နေ့လည်စာစားချိန်အပြီးတက်စရာအတန်းချိန်မရှိတော့သည့်အတွက် ဘတ်ခ်ဟျွန်းမှာကျောင်းနဲ့ရင်းနှီးအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ခြေညောင်းအောင်အထိကျောင်းတစ်ဝန်းလုံးပတ်ပြီးတဲ့နောက်မှာ အသင်းသားမဲဆွယ်ရေးယာယီနေရာတွေမှာဂိတ်ဆုံးလို့သွားတယ်။

PROJECT BWhere stories live. Discover now