ဘုရားရေ လူမိုက်သူဌေးတဲ့!

931 131 7
                                    

"ဒီနေ့တော့မန်နေဂျာဂင်မလိုက်နဲ့တော့။ ချန်းယောလ်ကို ယောဒိုကိုအရင်လိုက်ပို့ပေးလိုက်"

"နားလည်ပါပြီ ဥက္ကဌကြီး"

"တာဝန်ကျေလိုက်ဦး ချန်းယောလ်"

"ဟုတ်ကဲ့"

မနက်ခင်းထမင်းဝိုင်းကမြန်မြန်ဆန်ဆန်ပဲပြီးဆုံးသွားခဲ့ပြီး ဥက္ကဌပတ်ခ်ကအရင်စားပွဲကနေထသွားခဲ့သည်။

"မင်္ဂလာနံနက်ခင်းပါ မဒမ်"

မန်နေဂျာဂင်ကတစ်ချက်အရိုအသေပေးနှုတ်ဆက်ပြီး နေရာကနေထွက်လို့သွားသည်။

အိပ်ရာထနောက်ကျနေတဲ့သခင်မဟန်က စားပွဲမှာဝင်မထိုင်ခင် ထမင်းစားပွဲကထဖို့ပြင်နေတဲ့ချန်းယောလ်ကိုစူးစူးစိုက်စိုက်ကြည့်လာတယ်။

"ကောင်းကောင်းအိပ်ပျော်ပါရဲ့လားမဒမ်"

"ငါ့အိမ်ပေါ်မှာကြွက်တစ်ကောင်ရောက်နေတာ ငါကအေးအေးလူလူနဲ့နားနေနိုင်ပါဦးမတဲ့လား"

"အနှောက်အယှက်ပေးမိပါပြီ။ ကောင်းသောနေ့ဖြစ်ပါစေမဒမ်"

တစ်ချက်အရိုသေပေးကာသူမရပ်နေတဲ့ဘေးနားကနေရှောင်ထွက်သွားဖို့လုပ်နေတဲ့ ကောင်လေးကိုမျက်လုံးထောင့်ကနေကြည့်ကာ စကားဆက်ပြီး တားဆီးလိုက်ပြန်တယ်။

"ဥက္ကဌပတ်ခ်ဆိုတာဘယ်လိုလူမျိုးလည်းမင်းသိလား"

တစ်ဖက်ကရပ်သွားပေမယ့်ဘာမှပြောမလာခဲ့။

"သူ့အတွက်အသုံးဝင်မယ့်အရာတွေကိုပဲ မျက်နှာသာပေး အရေးတယူလုပ်တက်တဲ့သူမျိုး။ သူ့အတွက်အသုံးချဖို့လိုအပ်တယ်ထင်တဲ့သူကိုပဲအနားမှာခေါ်ထားလေ့ရှိတာ"

သူမကပန်းသွေးရောင်ဖျော့ဖျော့ဆိုးထားတဲ့ နှင်းဆီဖူးသဏ္ဍာန်နှုတ်ခမ်းထောင့်ဖျားလေးကော့တက်သွားတဲ့အထိ လှောင်ပြုံးကိုပြုံးလိုက်ပြီး အသင့်ဆွဲထုတ်ထားတဲ့ခုံမှာဝင်ထိုင်လိုက်တယ်။

"ဘယ်သူသိမှာလဲ တစ်နေ့နေ့မှာအရာရာပုံအောထားတဲ့သားကလည်း ​ကြွက်ကလေးတစ်ကောင်လို မျက်နှာလွှဲခဲပစ်နဲ့စွန့်ပစ်ခံရမယ်ဆိုတာလေ"

"မဒမ်ရဲ့အသိပေးမှုတွေကို မှတ်သားထားပါ့မယ်။ သွားခွင့်ပြုပါဦး"

PROJECT BWhere stories live. Discover now