သူငယ်ချင်းအသစ်ရောက်ရှိ

808 128 32
                                    

ဘေဘီဟျွန်းဟျွန်းနီးကျောင်းသွားပါပြီ။

တက္ကသိုလ်အဆောင်တွေက ကျောင်းစမဖွင့်ခင် တစ်ပတ်အလိုတည်းက အဝေးကကျောင်းသားတွေအတွက်စတင်နေထိုင်ခွင့်
ပေးပြီဖြစ်သည်။ဘတ်ခ်ဟျွန်းလေးဟာလည်း ကျောင်းမဖွင့်ခင်2ရက်အလိုတည်းက အဆောင်တာဝန်ခံကိုသွားရောက်သတင်းပို့ဖို့ပြင်ဆင်ထားလေတယ်။

ဒါမှလူမလာခင်နေရာဦးရမှာလေ...ဦးလို့ရမယ်ထင်လား။ ရမနေဘူးနော် သူတို့ကနာမည်၊စာသင်နှစ်၊ခုံနံပါတ်နဲ့ သတ်မှတ်ထားပေးပြီးသား။အဲ တစ်ခုတော့ရှိတာပေါ့ အဆောက်အုံတစ်ခုတည်းတူတူတက်ရတဲ့ မေဂျာကွဲတွေလည်း အိပ်ဆောင်ဖော်အဖြစ်ကျနိုင်တယ်လေ။

ပုံမှန်အဆောင်တွေက 16ထပ်ထိရှိပေမယ့် အထူးအဆောင်ကတော့ 24ထပ်ထိရှိတာခြွင်းချက်ပေါ့နော်။

သက်ဆိုင်ရာအဆောင်တာဝန်ခံကိုသတင်းပို့ပြီးတဲ့နောက်ကိုယ့်အထုတ်ကိုယ်ဆွဲပြီး သယ်ယူပို့ဆောင်ရေးကားလေးပေါ်တက်လိုက်ကာ နေရမယ့်အဆောင်ရှေ့ဘုတ်ခနဲဆင်းနေခဲ့ရုံပဲ။

သိတယ်မှတ်လားဟောဒီကဘေဘီဟျွန်း
ဟျွန်းနီးလေးကဘယ်လောက်ကံကောင်းလဲဆို viewကောင်းတဲ့အခန်းရတယ်လေဗျာ။ ဟိုကောင် ယွန်းချန်းကတော့ကပ်တိုးကံကောင်းပေါ့။

"အာ ငါ့ကုတင်ကဒီမှာပဲ"

အဆောင်ခန်းကပုံမှန်ဆို 2ယောက်ခန်း၊ 3 ယောက်ခန်း၊ 4ယောက်ခန်းနဲ့ စာကြမ်းပိုးများအတွက် 1ယောက်ခန်းဆိုပြီးရှိတာ အခုရတာက 3ယောက်ခန်း။ တကယ်က 2ယောက်ခန်းစာရင်းပေးထားပေမယ့် ပထမနှစ်တွေက 4ယောက်ခန်းနဲ့ 3ယောက်အခန်းပဲအသုံးပြုနိုင်မယ်တဲ့လေ။

ယွန်းချန်းကုတင်ကနံရံဘေးကအစွန်မှာ ဒီကဘေဘီဟျွန်းဟျွန်းနီးလေးက ပြတင်းပေါက်နားမှာ ဆိုတော့...ဒီသွေးချင်းသူငယ်ချင်းနှစ်ယောက်ကြားက ကန့်လန့်ကြီးဖြစ်နေတဲ့ကုတင်ပိုင်ရှင်ကဘယ်ကဂြိုလ်သားတုန်း။လူလိုသူလိုပေါင်းလို့ရတဲ့သူဖြစ်ပါစေဆုတောင်းရမှာပဲ။

"ဒီကုတင်ပိုင်ရှင်ကမေဂျာကွဲထင်တယ်ကွ"

များသောအားဖြင့်နာမည်ကလူလာမှထည့်ရတာများတာကြောင့် မေဂျာနဲ့ခုံနံပါတ်သာရှိလေတယ်။

PROJECT BWhere stories live. Discover now