သူခိုးဗျို့

907 132 11
                                    

နာမည်ကြီး မောလ်ရဲ့လက်ဝတ်ရတနာအရောင်းဆိုင်ရှေ့ရပ်ရင်း  လက်ပိုက်ကာအတွေးပေါက်နေတဲ့ ဘတ်ခ်ဟျွန်းကို ဝန်ထမ်းလေးတွေကအထူးတဆန်းလေးနဲ့ကြည့်လာတယ်။

"ဘာကူညီပေးရမလဲဧည့်သည်"

"အာ စိတ်မရှိနဲ့ဗျ တွေးတာလေးနည်းနည်းများသွားလို့။သိတယ်မဟုတ်လား အခုခေတ်ကပစ္စည်းတစ်ခုဝယ်တော့မယ်ဆိုရင် ရေရှည်ဘယ်လောက်ထိခံမယ်ဆိုတာတွေးရတယ်လေ"

"ဒါအမှန်ပါပဲဧည့်သည်။ ကျွန်မတို့ဆိုင်က နာမည်ကြီးတံဆိပ်ဖြစ်တဲ့အတွက်ကြောင့် အရည်အသွေးပိုင်းရော ဒီဇိုင်းပိုင်းပါလုံးဝအာမခံပါတယ်။ဧည့်သည် ဘာလေးများအလိုရှိပါသလဲ"

"လက်စွပ်လိုချင်တာဗျ"

"ဒါဆိုရင်တော့ ဒီဘက်ကိုကြွပေးပါဧည့်သည်"

လက်စွပ်သီးသန့်ထားတဲ့ကောင်တာတွေဘက်ကို ဝန်ထမ်းလေးကဦးဆောင်ခေါ်သွားပေးတယ်။

"ဧည့်သည်ကိုယ်တိုင်ဝတ်ဖို့လား လက်ဆောင်ပေးဖို့လား"

"အာ လက်ဆောင်ပေးမှာပါ"

"ဒီဘက်ကပစ္စည်းတွေက ဒီဇိုင်းအသစ်လေးတွေပါ။မိန်းကလေးတော်တော်များများသဘောကျတဲ့ ဒီဇိုင်းလေးတွေလဲရှိလို့ စိတ်တိုင်းကျရွေးချယ်နိုင်ပါတယ်"

"အမ် မိန်းကလေးဝတ်ကြီးလား"

ငါ့လူကြီးက ယောကျာ်းကြီးလေ လာနောက်နေတာလား။

"ယောကျာ်းလေးကိုပေးမှာဗျ"

"စိတ်မရှိပါနဲ့နော်ဧည့်သည် လိုအပ်မှုအတွက်တောင်းပန်ပါတယ် ဒီဘက်ကိုကြွပါနော်"

"ပြူးပြူးပြဲပြဲမဟုတ်ဘဲနဲ့လေ နေ့တိုင်းဝတ်လို့လွယ်တဲ့ပုံစံမျိုးလေးတစ်ချက်ပြပေးပါ"

"လက်စွပ်အတိုင်းလေး​ယူလာပါသလားဧည့်သည်"

"အင်း ယူလာတယ် ဒီsize"

ဘတ်ခ်ဟျွန်းတစ်ယောက်ခပ်တည်တည်နဲ့ခေါင်းငြိမ့်ပြပြီး ပြလိုက်တဲ့လက်စွပ်အတိုင်းကဝန်ထမ်းလေးခေါင်းပေါ် ???တွေဖြတ်ပြေးလို့သွားတယ်။

"အယ် ဧည့်သည်"

"ဟုတ်တယ် ဒီ sizeပဲလုံးဝမမှားဘူး"

PROJECT BWhere stories live. Discover now