ဘနားနားဂိုဏ်း[အချပ်ပို]

472 61 18
                                    

ဘနားနားဂိုဏ်းထောင်ပြီးချိန်။

"ညီအစ်ကိုတို့ ဒီနေ့ပြသပေးမယ့်သရုပ်ပြလေးကတော့ ညီအစ်ကိုတို့ရုတ်တရက်အန္တရာယ်ဖြစ်လာရင်ဘယ်လိုတုံ့ပြန်ကာကွယ်ရမယ်ဆိုတဲ့ ခုခံကာကွယ်နည်းလေးပါ"

'ဘာနားနား´ ဆိုတဲ့စာတန်းလေးနဲ့ချစ်စရာအဝါရောင်ငှက်ပျောသီးပုံဖောင်းကြွလေးကပ်ထားတဲ့ sweatshirt အဝါနုလေးနဲ့
ဘတ်ခ်ဟျွန်းလေးဟာတက်တက်ကြွကြွနဲ့ထောင်ထားတဲ့ကင်မရာလေးရှေ့မှာ သရုပ်ပြနေလေလေရဲ့။

"ဒီတစ်ခါကတော့ အနောက်ကနေတိုက်ခိုက်လာတဲ့အခါမှာဘယ်လိုခုခံကာကွယ်ရမလဲဆိုတာ ပြသပေးမှာပါ။ ဒါလင်ရေ အကူအညီလေးပေးပါဦးဗျ"

အနားမှာထိုင်ကာတစ်ချိန်လုံးကြည့်နေခဲ့တဲ့
ချန်းယောလ်က ချက်ချင်းပဲထလာကာ ကင်မရာမြင်ကွင်းထဲဝင်လို့လာတယ်။

"ကိုယ်ဘယ်လိုကူညီရမလဲဘေဘီ"

"အွန်း ဒါလင်ကဘေဘီ့ကိုအနောက်ကနေတိုက်ခိုက်"

"ကောင်းပြီ"

နောက်ကျောပေးထားတဲ့ဘတ်ခ်ဟျွန်းရဲ့အနောက်ကနေခြေသံဖွဖွနဲ့လျှောက်သွားကာ လက်တံရှည်တွေကိုခါးကနေလျိုသွင်းလိုက်ပြီး နားထင်လေးကိုဖိနမ်းလိုက်တော့ ဘတ်ခ်ဟျွန်းကတုန်သွားပြီး ချန်းယောလ်လက်ထဲမှာပဲလျှောကျသွားတော့မယောင်။

"အို ဒါလင်ဗျာ"

"ကိုယ်တိုက်ခိုက်တာနည်းလမ်းမကျဖြစ်သွားတာလား"

သေချာပေါက်ကိုနည်းလမ်းကျနေတာပေါ့။ ဟောဒီကနှလုံးသားလေး ဒူဒူချပ်ဖြစ်ဖို့လေ။

"ဒါလင် နောက်တစ်မျိုးလောက်စမ်းကြည့်ပါဦး"

"ဟုတ်ပြီ။ ကိုယ်ထပ်ကြိုးစားကြည့်မယ်"

ချန်းယောလ်ကအနောက်ကိုခြေလှမ်းအနည်းငယ်ဆုတ်သွားပြီးမှ နောက်တစ်ခါပြန်ချဥ္းကပ်လာတယ်။

ဒီတစ်ခါတော့အနည်းငယ်လျှင်မြန်လေတယ်။ ဘတ်ခ်ဟျွန်းကိုပုခုံးကနေဆွဲလှည့်ကာမေးဖျားလေးကိုပင့်တင်လိုက်ရင်းနှာခေါင်းထိပ်ဖျားချင်းထိစေပြီး မျက်လုံးချင်းဆုံစေကာ ကလူကြည်စယ်မှုတွေရောနှောနေတဲ့အကြည့်တွေနဲ့

PROJECT BWhere stories live. Discover now