ရည်းစားလိုက်ပိုးမယ့်မင်းသားလေး

913 120 3
                                    

'100 백'ဖိုရမ်ရဲ့အမေးအဖြေကဏ္ဍ။

မေးသူလူကြီးမင်း: ဘဝကငါ့ကိုသံပုရာသီးတွေပေးနေတယ်။

မှတ်ချက်ပေးသူ1: အားတင်းထားပါညီအစ်ကို။

မှတ်ချက်ပေးသူ2: အပေါ်ကမှတ်ချက်+1

မှတ်ချက်ပေးသူ3: အဆင်ပြေသွားမှာ။အပေါ်ကမှတ်ချက်+1

မင်းသားလေး: ဘဝကသံပုရာသီးပေးရင်ဆိုဂျူနဲ့ညှစ်သောက်လိုက်။

မှတ်ချက်ပေးသူ4: ဝါး!!ငါတို့'100'ရဲ့မင်းသားလေးပေါ်လာပြီ။မင်းသားလေးကျန်းမာချမ်းသာပါစေ။

'မင်းသားလေး'နာမည်နဲ့အသုံးပြုသူကြောင့် စိတ်ကျဖွယ်ရာစကားဝိုင်းကနေ ဆိုဂျူကိုဘယ်လိုရောရင်အရသာရှိမယ်ဆိုတဲ့စကားဝိုင်းသို့ကူးပြောင်းလို့သွားလေတယ်။

ဒါဟာ'100'ဖိုရမ်ရဲ့မင်းသားလေးပါဝါတွေပါပဲ။

မင်းသားလေး: ညီအစ်ကိုတို့ ကိုယ့်ထက်အသက်ကြီးတဲ့စာအုပ်လူသားရဲ့စိတ်ကိုအပိုင်ရချင်ရင်ဘယ်နည်းလမ်းကအဆင်ပြေဆုံးလဲ??? မှတ်ချက်အကြံပြုလွှာတွေကိုစောင့်နေပါ့မယ်။

မှတ်ချက်ပေးသူ1: ကိုယ်တိုင်စည်းစနစ်တကျနေဖို့လိုမယ်။ သူနဲ့ဝါသနာတူလိုက်လုပ်နိုင်ရင်ပိုကောင်းမယ်။

မှတ်ချက်ပေးသူ2: ချစ်ဖို့ကောင်းတဲ့ပုံစံလေးကိုပြပြီးသိမ်းပိုက်ပါ။

မှတ်ချက်ပေးသူ3: စာအုပ်ကြီးအတိုင်းစည်းကမ်းကြီးနေရင်တော့တိုးဝင်ဖို့အဆင်ပြေပါ့မလား မင်းသားလေး။

မှတ်ချက်ပေးသူ4: ပြိုင်ဘက်ကင်းမင်းသားလေးရဲ့ပုံစံနဲ့ဆို စာအုပ်ကြီးလဲမကြာခင် ဖယောင်းဖြစ်လာမှာပါ။

မှတ်ချက်တွေတစ်စီတစ်တန်းကြီးလိုက်ဖတ်ကြည့်ပေမယ့် စိတ်ထဲကတွေးထားတာနဲ့ထပ်တူတော့ကျမနေ။

မင်းသားလေး: အားလုံးအခုလိုဝေမျှအကြံပြုပေးလို့ကျေးဇူးပါ။

'100' ဖိုရမ်ရဲ့အမေးအဖြေကဏ္ဍကနေထွက်လိုက်ပြီး ကိုယ်ပိုင်ကိုယ်ရေးကိုယ်တာနေရာက 'ကမ္ဘာ့အတော်ဆုံးသောမင်းသားလေး' ဆိုတဲ့စာစုလေးကိုဖျက်လိုက်ပြီး စာစုအသစ်လေးပြင်လိုက်တယ်။

PROJECT BWhere stories live. Discover now