လက်တွဲဖော်

674 99 22
                                    

လက်တလောမှာဘတ်ခ်ဟျွန်းက ကျောင်းစာ
ကြည့်တိုက်နဲ့ ပါမောက္ခရုံးခန်းမှာသာအချိန်တွေကုန်နေရတယ်။ မနက်ဆိုရင်ချန်းယောလ်ကိုယ်တိုင်ကျောင်းကိုလိုက်ပို့ပေးပြီး ညနေအလုပ်ဆင်းတဲ့အချိန်မှာလာကြိုကာ အတူတူအိမ်ပြန်ကြတယ်။

ဒီနေ့မှာတော့စာတမ်းကိုအပြီးသတ်ကာ လိုအပ်ချက်တွေကိုပြင်ဆင်ဖို့ပါမောက္ခထံ တင်ခဲ့ပြီးထွက်လာခဲ့တယ်။

"အားယားယား ပူတင်းလေးတွေများထုံနေတာပဲ။ အခုနေအကိုင်ခံလိုက်ရရင်တောင် ဘာခံစားချက်မှရှိနေမှာမဟုတ်ဘူး"

တင်ပါးတွေပုတ်သွားတော့မတက်နာရီနဲ့ချီထိုင်ကာအလုပ်လုပ်နေခဲ့ရတာ​ကြောင့်ရယ်ပဲလဲမဟုတ်ဘူး။ စာကြည့်တိုက်ကခုံတွေကခန္ဓာကိုယ်မတ်မတ်ထားပြီးစာကြည့်နိုင်အောင်လုပ်ထားတဲ့အသားပြားမာမာနဲ့ခုံတွေကြည့်ပဲ။ အဲ့အပေါ်မှာအချိန်အကြာကြီးထိုင်ခဲ့ရတယ်ဆိုတော့စဥ္းစားကြည့်။

နောက်ပြီးညကလည်း ဘူဘူးမောင်းကြသေးတယ်လေ။ အဲ့တော့ပူတင်းတုန်းလေးတွေကခံစားမှုမရှိတော့တာဟာဖြစ်သင့်တာပဲ။အချစ်တွေထုံမွှန်းနေတဲ့ပုံရိပ်တွေအတွေးထဲတောင်ရောက်လာတော့ ဘယ်လိုပြောရမလဲ သားသားရှက်ရှက်ပေါ့နော်။

တကယ်တော့ဒါလင်သနားပါတယ်လေ ဘယ်လောက်ပဲခရမ်းရောင်အငွေ့အသက်တွေလောင်ကျွမ်းနေပါစေ သူ့မှာအရိပ်တ
ကြည့်ကြည့် စာတမ်းပြီးသွားဖို့သာဦးစားပေးထားတာလေ။ ဒီညတော့ ရေနွေးတူတူစိမ်ရင်းအပန်းဖြေဖို့ပြောဦးမှပဲလေ။

'ဒါလင် ဘေဘီပြီးပြီိ´

ဒီဆရာတွေနားနေခန်းရှိနေတဲ့အဆောင်က ကျောင်းဆောင်တွေလောက်လူမများဘူး။ ဖြစ်ချင်တော့အခုက တခြားမေဂျာတွေစာမေးပွဲပြီးကာစရာသီမလို့ ပိုလို့တောင်လူပြတ်သေး။

ဒါလင်ကအစည်းဝေးခန်းထဲမှာထင်တယ်။

စာအုပ်တွေထည့်ထားတဲ့အိတ်ကလေးကိုဟိုရမ်းဒီရမ်းနဲ့ပြင်းတိပြင်းရွဲ့သယ်ကာလျှောက်လာရင်း ကျောင်းဆောင်လှေကားကနေတရွေ့ရွေ့ဆင်းလာပေမယ့် ဘယ်သူထင်မှာလဲ ကားထဲ ဘတ်ခနဲဆွဲထည့်ခံလိုက်ရမယ်လို့။

PROJECT BWhere stories live. Discover now