နည်းလမ်းရှာမယ်

633 98 17
                                    

ဘယ်လိုတောင် ဒီတစ်မိုးအောက်ဘတ်ခ်
ဟျွန်းလေးကို ရက်စက်ရက်ရတာတုန်း။ သေချာပေါက်ကို ဗြောင်ဒယ်ဒီတစ်ယောက်တည်းလုပ်နိုင်တဲ့ကိစ္စမဟုတ်ဘူး။

အသေအချာပဲ နောက်ကွယ်မှာ မဒမ်ဟန်ရှိနေလေတယ်။ မဒမ်ဂျန်းက မဒမ်ဟန်နဲ့ညီအစ်မဆက်ဆံရေးထူထောင်ပြီးသွားတာကြောင့် သူ့ဘက်တော်သားဖြစ်သွားသလို တစ်ဖက်က ဒါရိုက်တာဟန်ကလည်း စကားအသယ်အပို့လေးလုပ်ပြီးသွေးထိုးတဲ့အလုပ်လေးလဲလုပ်သေးတယ်။

ကိစ္စတွေကြီးကြီးမားမားဖြစ်သွားပြီးတဲ့နောက် နာမည်ကြီးမိသားစုမဟုတ်ပေမယ့် နည်းပညာနယ်ပယ်မှာအဆင့်မှီတဲ့လုပ်ငန်းတစ်ခုဖြစ်နေတာကြောင့် ဗြောင်ဂျော့ရှ်က မီဒီယာတွေစီကနေဖုံးကွယ်ဖို့လုပ်ဆောင်တယ်။

"အစ်ကို ဘာဆက်လုပ်ကြမလဲ"

"ဘာဆက်လုပ်ရမှာလဲ ဆေးကုရမှာပေါ့။ ဒီရောဂါပျောက်သွားဖို့ဘယ်လိုနည်းနဲ့ပဲကုရပါစေ ဆက်လုပ်ရမှာပဲ"

မဒမ်ဂျန်းက မလိုတဲ့နေရာမှာငွေအကုန်ကျမခံဖို့တားချင်ပေမယ့် ဒီအိမ်မှာသူက အိမ်ရှင်မသာသာနေရာမှာ။ မဒမ်ဟန်ဆွဲခေါ်လာပေးလို့သာ တချို့နေရာတွေမှာပြောနိုင်ဆိုနိုင်နဲ့ လုပ်ကိုင်နိုင်နေတာလေ။

နောက်ပြီးသားအဖနှစ်ယောက်မသင့်မြတ်တာလဲ တစ်ခုခုတော့အခွင့်အရေးရှိဦးမှာပဲ။

"ငါကြည့်ရှင်းလိုက်မယ် မင်းစိတ်ပူစရာမလိုဘူး"

'ဟန်´ ဘက်ကအကူအညီကြောင့် အဆင့်
မြင့်လုပ်ငန်းဖြစ်လာပေမယ့် ပုံမှန်လည်ပတ်နိုင်အောင်လို့တော့ ရုန်းကန်ရဦးမည်မဟုတ်လား။ ဒီလိုအချိန်မှာ အရာရာသတိထားဖို့လိုတယ်။ နောက်ပြီး ဒီကိစ္စကိုသိနေတဲ့တတိယလူရှိနေဦးမှာပဲ။

မဟုတ်မှ တွဲနေတဲ့တစ်ဖက်လူကပြိုင်ဘက်ဖြစ်နေလေမလား။ သေချာတာတော့သဘောရိုးနဲ့ချဥ္းကပ်တာမဟုတ်လောက်ဘူး တစ်ခုခုအသုံးချခံရတာရှိချင်ရှိနေဦးမှာပဲ။

"အစ်ကို မဒမ်ဟန်ပြောသလို မင်္ဂလာပွဲစီ
စဥ္လိုက်မယ်ဆိုရင်ရော။ လုပ်ငန်းစုနှစ်ခုလဲပူးပေါင်းနိုင်ပြီးအဆက်သွယ်ကောင်းလဲရမယ် သားလေးကိုလဲပုံမှန်အခြေအနေဖြစ်အောင်လုပ်လို့ရမယ်လေ"

PROJECT BWhere stories live. Discover now